ဖေဖေ့ ကိုချစ်တယ်။

 

တစ်ခါကလူတစ်ယောက်ဟာ

 သူ.ကားကိုပြင်နေတုန်း သူ.သားလေးက ကားကိုခြစ်နေတာတွေ့တော့ ဒေါသထွက်ပြီး

သူ့သားရဲ့လက်ကို ရိုက်လိုက်တယ်။ သူ.လက်ထဲမှာ ၀က်အူလှည့်ကိုင်ထားတာကိုသတိမထားမိဘဲ အချက်ပေါင်းများစွာ ရိုက်နှက်နေတုန်း
လက်ကသွေးတွေစေးကပ်လာမှသတိထားမိတော့ ကလေးကသတိလစ်နေပြီ။

ဆေးရုံပေါ်မှာကလေးက သူ.လက်ငုတ်စိလေးတွေကိုကြည့်ရင်း “ဖေဖေ သားလက်ကလေးတွေ ဘယ်တော့ပြန်ပေါက်မှာလဲဟင်” လို.မေးတော့ သူ.မှာယူကြုံးမရပေါ့ အိမ်ပြန်ပြီး

သူ.ရဲ့ကားကို ခြေထောက်နဲ့ အကြိမ်ကြိမ်ကန်နေတုန်း

 သူ.သားခြစ်သွားတဲ့နေရာမှာတွေ.လိုက်တာက “ဖေဖေ့ကိုချစ်တယ်”တဲ့ နောက်နေ.မှာအဲဒီလူကိုယ့်ကိုကိုယ် သတ်သေသွားတယ်။

သင်လည်း ဒေါသနဲ့ မေတ္တာမှာ မေတ္တာကိုသာရွေးချယ်ပါ။

ပစ္စည်းဆိုတာ အသုံးချဖို. လူဆိုတာ အချစ်ခံဖို့ပါ ဒါပေမယ့် ယနေ့လောကမှာ ပစ္စည်းတွေကအချစ်ခံနေရပြီး လူတွေက အသုံးချခံနေရတယ် သင်သာဒီလိုလူမျိုး ဖြစ်နေခဲ့ရင်

အပေါ်ကဖြစ်ရပ်လေးကို သတိရပါ။

ဒေါသစိတ်တွေ လျှော့နိုင်ကြပါစေ…..

 

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့
သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ
စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ
သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက
သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊
ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်"
"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"
"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"
"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"
"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ
ဖေဖေ"
"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"
"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော်
ဖေဖေ၊ ဟုတ်လား"
"ဟုတ်တယ်ကွဲ့"
"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား
ဖေဖေ"
"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့
သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့
စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း
သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊
သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့"
တဲ့။

ရက်တစ်ရက်တွင် ကျွန်တော့် ထံသို့ စုစုရောက်လာသည်။ စုစု သည်
အိမ်ကသမီးများနှင့် ဆိုလျှင် သက်တူရွယ်တူ ခန့်ရှိပေလိမ့်မည်။ သူမတွင်
မောင်တစ် ယောက် ရှိသည်။ ၄င်းတို့၏ မိဘများမှာ ကုန် သည်လုပ်ငန်း
လုပ်ကိုင်ကြသည်ဟု သိရှိရ သည်။ ဖခင်ဖြစ်သူသည် ကုန်သည်တစ်ဦး ပင်ဖြစ်
သော်လည်းစိတ် ကတော့ လက်တစ်ဆစ်ဟုဆိုသည်။ စိတ်ကြီးသူ၊ ဒေါသကြီးသူ၊
သားသမီးများကို ဆုံးမသည့်အခါ လက်ပါလေ့ရှိပြီး စရိုက်ကြမ်း၊
အရိုက်လည်းကြမ်းသူဖြစ်သည်။
ထိုသို့အရိုက်ကြမ်းသဖြင့် ၄င်း ၏မောင်ငယ်ဆိုလျှင် အကြောက်လွန်စိတ္တဇဖြစ်ကာ
ညဥ့်ဘက်တွင် လန့်လန့်နိုးသည့် ရောဂါစွဲလာခဲ့ သည်ဟုသိရသည်။ စုစုကတော့
ဖခင်ရိုက်လျှင် အံ ကြိတ်ပြီး တင်းခံသည်။ သားသမီး များ ဖခင်ကို
'ရှောင်လေဝေးဝေး' ပြုမူကြသည်။ မိခင်သည် ဖခင်၏ သြဇာကို လွန်ဆန်ရဲသူမဟုတ်၊
ထို့ကြောင့် မိခင်ကိုလည်း အားကိုးအားထားမပြုကြတော့ဘဲ
လွတ်ရာကျွတ်ရာသို့သာထွက်ပြေးချင်သည့် စိတ်များကိုယ်စီဖြစ်ပေါ်လျက်ရှိသည်။

သင်းသင်းဆယ်တန်းအောင် သောအခါအလုပ်ရှာဖို့ဆိုသည့် အကြောင်းပြချက်ဖြင့်
ရန်ကုန်သို့ ထွက်လာခဲ့သည်။ အစပထမ မူလတန်းဆရာမလုပ်သည်။
အလုပ်လုပ်ရင်းစာရေးသည်။ စာရေး ဆရာမ လုပ်မည်ဆိုသည့် ပြင်းပြ သော
စိတ်ဆန္ဒနှင့်ဝတ္ထုလေးတွေ စမ်းရေးသည်။ ရင်ထဲမှခံစားချက်များက စာရေးရန်
ခွန်အားတွေဖြစ် အပြည့်အသိပ်။ ဝီရိယအကျိုးကြောင့် အတန်
အသင့်အောင်မြင်လာသည့်နောက်ပိုင်း ကျောင်းဆရာမအလုပ်ကထွက်ပြီး စာကိုပဲ
ဇောက်ချပြီး ရေးလာခဲ့ရာ အောင်မြင်မှုများ တစ်စ တစ်စရရှိလာသည်။ ရန်ကုန
်ဆင်ခြေဖုံးတစ် နေရာတွင် တိုက်ခန်းငှားနေရင်း
စာကိုချည်းဆက်တိုက်ရေးလာခဲ့ရာ Best Seller စာရင်းဝင်တစ်ဦး ဖြစ်
လာခဲ့သည်။ မိတ်ဆွေသင်္ဂဟ အသိုက်အဝန်းများ၏ ပံ့ပိုးမှုကြောင့်လည်း သူမသည်
တစ်နေ့တခြား နာမည်ကျော်ကြား လူသိများလာခဲသည်။

နယ်မှာကျန်ရစ်တဲ့ မောင်ငယ် ကိုခေါ်ပြီး ဘဝအမြင်ကျယ်အောင်
မြေတောင်မြှောက်ပေးခဲ့သည်။ နယ်က မိဘများကိုလည်း ထောက်ပံ့ခဲ့ သည်။
ရန်ကုန်တွင် အဆင်ပြေသည် ဟု သိရှိရသောအခါ မိဘများ
ရန်ကုန်သုလြိုက်လာခဲ့သည်။ အပြီးလိုက်လာခြင်းမဟုတ်၊ မကြာ
ခဏလာလည်ကြခြင်းဖြစ်သည်။
တစ်ခါတစ်ခါ ရက်ရှည်နေလေ့ရှိသည်။ ဤကာလတွင် သူမအတွက်
စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံရသည်။
နှစ်ကာလမျာကြာလာခဲ့ပြီဖြစ်သည့်တိုင် ဖခင်၏ ငယ်စရိုက်မှာ မပျောက်သေး၊
သားသမီးများ အပေါ်နိုင်စားလို သည့် စိတ်နှင့်သာဆက်ဆံသည်။
အလိုမကျဖြစ်တိုင်း မိဘ အပေါ် မသိတတ်သည့် သားသမီး များအဖြစ် အပြစ်ဖို့သည်။
ပြောင်းလဲသွားသော ပတ်ဝန်း ကျင်၊ ပြောင်းလဲနေသော
ခေတ်ကာလစရိုက်သဘာဝများနှင့် နေ ထိုင်သော သားသမီးများကို အစဉ် အလာစိုက်
သဘာဝအတိုငိုး စွဲနေသော မိဘများကကြည့်မရ ဖြစ်တော့သည်။

ယင်း၏နောက်တွင် အပြစ်မြင် ခြင်း၊ စကားနာထိုးခြင်းတည်းဟူ
သောလှိုင်းလုံးများရိုက်ခတ်ပါသည်။ မိဘများ ရန်ကုန်လာနေချိန်နှင့် ပြန်
သွားပြီးတစ်လလောက် အထိ သူမ စာရေးလို့မရ၊ စာတွင် ဝင်စားလိုမရဘဲ
ရေးလက်စစာများ ပြန်လည် စုစည်းမရဖြစ်ရသည်။ မိဘများက
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆိုသည့်အချက်နှင့် သားသမီးများကိုအနိုင်ယူသည်။
သားသမီးများကလည်း ငယ်ဘဝ တစ်လျှောက်လုံး ခါးသီးသည့်ဒဏ် ခံခဲ့ရပီးဖြစ်၍
မိဘနှင့်ဝေးရာမှာ နေချင်သည်။ မိဘနှင သားသမီး ညှိ မရ၊ ပေါင်းစည်းမရ၊
အကျိတ်အခဲ၊ အစိုင်အခဲများကြီးသထက်ကြီးလာ ကာစိတ်ညစ်ညစ်နှင့်စုစုတစ်ယောက်
ကျွန်တော့်ထံ ရောက်ရှိရင်ဖွင့်လာ သည်။ ကျွန်တော်ကဆရာတော်ရှင်ဆေကိန္ဒရဲ့
Aspects For Two Straight
Linesအမည်ရှိသည့်ဗီစီဒီအခွေကြည့်ပြီးပြီလားဟုမေးသောအခါမကြည့်ရ
သေးဟုဆိုသဖြင့် အခွေကို ဖွင့်ပြလိုက်သည်။

မိဘတွေကတစ်ဖက်၊ သား သမီးတွေက တစ်ဖက် ဝဲယာထား ကာ ဆရာတော်က အလယ်တွင်ထိုင်ကာ
မိဘများဘက်က သား သမီးအပေါ် အလိုမကျ သည်များကို ရင်ဖွင့်စေသည်။ အလားတူ သား
သမီးများဘက်ကလည်း မိဘများအပေါ် မကျေမနပ်ဖြစ်နေသည်တို့ကိုရင်ဖွင့်စေသည်။
မိဘနှင့် သား သမီးတို့၏ အကျိတ်အခဲများကို ဖွင့် အန်စေခြင်း ဖြစ်ပါသည်။
ဆရာတော့်အခွေကို ကြည့်ရ သည်မှာ စိတ်ဝင်စားစရာဖြစ်သည်။
မိဘများဘက်ကရှုဒေါင့်၊ သားသမီးများ ဘက်က ရှုဒေါင့်အသီးသီး
ရင်ဖွင့်သည်များကိုကြားရသည်။ သားသမီးချင်းအတူတူ အချစ်မညီမျှတာ၊
အခွင့်အရေးမညီမျှတာ သားသမီးများအပေါ်
မိဘများ တာဝန်မကျေတာများကို သားသမီး များဘက်က ခံစားချက်ကိုယ်စီဖြင့်
ရင်ဖွင့်ပြောကြားကြသည်ကိုမြင်တွေ့ရသည်။ အချို့လူငယ်များ ပြောရင်း
ပြောရင်း ဝမ်းနည်း ပက်လက်ဖြစ်ကာငိုကြီးချက်မ
ဆို့ဆို့နင့်နင့်ဖြစ်ကြသည်ကို တွေ့ရသည်။ မိဘများဘက်ကလည်း စုန်ရေ
သာရှိပြီး ဆန်ရေမရှိပုံ၊ သားသမီး များအရွယ်မရောက်သေးမီ မိဘကို အာခံကြပုံ၊
မိဘကို အရွဲ့တိုက်ကြပုံ၊ စိတ်ကောက်ကြပုံ၊ ပြောမရဆိုမရ
တစ်ဇွတ်ထိုးလုပ်ကြပုံများကိုကရုဏာ ဒေါသ သံများနှင့် ပြောကြ သည်တို့ကို
တွေ့မြင်ရသည်။ နှစ်ဖက်ပြောကြပြီးသည့် နောက်တွင် ဆရာတော်က တရား
တော်နှင့်အညီ မိဘနှင့်သားသမီး အသီးသီး ကျိတ်မနိုင်ခဲမရဖြစ်နေကြ သည့်
အကျိတ်အခဲများကို တရားတော်နှင့်ဖြေချပေးသည်။ အဆိုပါအခွေကိုကြည့်ရင်း
မိဘနှင့် သားသမီးများ သတိပြုစရာ၊မှတ်စရာ၊
ဆင်ခြင်စရာများကို ခံစားရရှိစေပါသည်။

အခွေကိုကြည့်ရင်း စုစုမျက်နှာ ကို ကျွန်တော်အကဲခတ်လိုက်သည်။
သူမရင်ထဲမှာလည်း အကျိတ်အခဲနှင့် မဟုတ်ပါလား။ သူမ၏
မျက်လုံးအိမ်မှမျက်ရည်စများ စီးကျလာသည်။ အခွေကိုကြည့်ပြီးဖြစ်သော်လည်း
သူမ၏ အကျိတ်အခဲများ ပြေသွားပုံမပေါ်သေး။ ဆရာတော်ရှေ့
အရောက်သွားပြီးရင်ဖွင့်ချင်ပုံရ၏။

''သမီးကတော့ ဘယ်လိုမှ နားမလည်နိုင်သေးဘူး'' ဟုသာ ပြောသည်။ ''နေဦး
သမီးရဲတစ်ခါ က စာစောင်တစ်ခုရဲ စာအုပ်စင်မှာ ဖော်ပြထားတဲ့ စာပိုဒ်ကလေး
တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ စာအုပ်အမည်က အငွေ့ပြန် စိတ်ကူးများ၊ ရေးသူက
နေသစ်မှူး (ငွေသာကွင်း)တဲ့၊ အဲဒီစာအုပ်မှာ ပါတဲ့ ကောက်နုတ်ချက်လေးက
''ဘာသာတရားက မိဘဆိုတာအနန္တဂိုဏ်းဝင်လိုပြောထားတာဆိုတော့ အဲဒီစကားကို
ကိုးကားပီး သားသမီးတွေကို အနိုင်မယူသင့် ဘူး။တကယ်လိုဒ္ဓတ္ထမင်းသား ဟာ
မိဘစကားကို နားထောင်ခဲ့ရင် ဘုရားဖြစ်ခဲ့မှာမဟုတ်ဘူး။ပြီးတော့ မိဘတွေရဲ့
အလုပ်က ဒီလောကကို သားသမီးတွေကို သိအောင်ပြဖို့ပဲ၊ သားသမီးတွေကို
ချည်နှောင်ထားဖို့ မဟုတ်ပါဘူးလို့ ဖတ်လိုက်ရတယ်'' ဟု ပြောလိုက်ရာ ¤င်းက
''ဒါဖြင့်ရင် သားသမီးတွေကရော မိဘကို ဘယ် လိုနားလည်ရမှာလဲ'' ဟထပ်မေး
ပါသည်။

''မိဘဆိုတာ ဘဝအခြေအနေ အမျိုးမျိုးအပေါ်မှာ ရပ်တည်နေကြ
သူတွေဖြစ်တဲ့အတွက်စရိုက်အခြေ အနေအမျိုးမျိုးရှိနိုင်သလို ပညာ၊ အသိဥာဏ်
ကွာဟမှု လည်း အမျိုးမျိုး ရှိနိုင်တယ်။ပြီးတော့ သူတိုဟာ
အိမ်ထောင်တစ်ခုရဦးစီးဦးဆောင် တွေဖြစ်ကြတယ်။ ဒီတော့ သူတို့
အနေအထားဟာကောင်းလည်းသူ တို့၊ မကောင်းလည်း သူတိုပဲ။ သားသမီးအပေါ်
ချစ်တဲ့နေရာ မှာ စရိုက်သဘာဝအရ ခြားနားကောင်း ခြားနားနိုင်တယ်။ပြီးတော့
အိမ်ထောင်တစ်ခုကို တာဝန်ယူနေရ
တဲ့သူဖြစ်တဲ့အတွက် စားဝတ်နေရေး ခက်ခဲပင်ပန်းတတ်ကြတယ်။ ဒီအခက်အခဲကို
သားသမီးတွေ မသိ အောင် မိဘတွေက ဖုံးကွယ်ထားတာမျိုးလည်းရှိတယ်။ သားသမီးတွေ
က ဒီအခက်အခဲတွေကို မသိကြ တာလည်းရှိတယ်။ အိမ်ထောင် တစ်ခုကို အညီအမျှ
ချိန်ခွင်လျှာ မရွဲ့မစောင်းအောင် ဦးစားပေးလွန်း ရင်လည်း စားဝတ်နေမှုအတွက်
ရှာဖွေရာမှာ လစ်ဟင်းတတ်တယ်။ စားဝတ်နေရေးဘက်ကို နှစ်မြှုပ်ထား ပြန်ရင်လည်း
မိသားစုအရေးမှာ လစ်ဟင်းတတ်တယ်။ ဒီချိန်ခွင်လျှာ ကို မိဘတိုင်းဟာ
သူတို့အခြေအနေ အနေအထားအရ တတ်စွမ်းသမျှ ထမ်းဆောင်ကြတာပါပဲ၊ တစ်ခါ တလေ
အလိုမပြည့်တဲ့အခါ သူတို့ လည်း လူသားတွေပဲ၊ စိတ်ညစ်တာ မျိုးတွေ
ရှိကြမှာအမှန်ပဲ။

သူတို့ဟာ ဘက်ပေါင်းစုံကို တာဝန်ယူရသူတွေဖြစ်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေး၊ လူမှုဆက်ဆံရေးအပြင် အိမ်မှာ အမြဲလိုလို လိုအပ်နေတဲ့ အရာမှန်
သမျှကို ဖြည့်ဆည်းပေးနေရသူတွေ ဖြစ်တယ်။ သူတို့ဟာ သူတို့ အသိÓဏ်ရှိသလောက်
မိသားစု အပေါ် စီမံခန့်ခွဲကြတာဖြစ်တယ်။ ဒီလို စီမံခန့်ခွဲရာမှာ
လစ်ဟာမှုတွေ၊ မညီမျှမှုတွေ ရှိကောင်းရှိနေနိုင်တယ်။ ဒီအရာတွေကို သားသမီး
တိုင်း မိဘဘဝရောက်မှသိကြ တယ်။ သားသမီးဘဝမှာ သိနိုင်ကြမှာမဟုတ် ပါဘူးကွယ်။
အထူးသတိထားဖို့က မိဘ တိုင်းဟာ သူတော်စင်တွေ မဟုတ် ကြဘူးဆိုတာပါပဲ။ မိဘဟာ
သူ့ဘဝ၊ သူ့ကံ အကျိုးပေးအရ သူခိုးဖြစ် ချင်ဖြစ်မယ်။ ဓားပြကြီး
ဖြစ်ချင်ဖြစ်မယ်။ ငါးစိမ်းသည် ဖြစ်ချင်ဖြစ်မယ်။ သူဌေးကြီး ဖြစ်ချင်ဖြစ်
မယ်။ သူယုတ်မာ ဖြစ်ချင်ဖြစ်မယ်။ စရိုက်အမျိုးမျိုး၊ ဘဝအမျိုးမျိုးမှာ
ရှိနိုင်တယ်။ အဲဒါက လူ့ဘဝအကျိုးပေး၊ သူ့ကံအကျိုးပေးဖြစ် တယ်။
သဗ္ဗေသတ္တာကမ္မသကာ ဆိုတာကိုနားလည်သဘောပေါက် ဖို့လိုတယ်။ သူ့ဘဝအကျိုးပေးနဲ့
စရိုက် သဘာဝက ကဏ္ဍတစ်ရပ်၊ မိဘဆို တဲ့ အနေအထားက ကဏ္ဍတစ်ရပ်၊
ဒီလိုခွဲခြားထားတတ်ဖို့ပဲ။ သူ့ဘဝ အကျိုးပေးနဲ့ စရိုက် သဘာဝအရ
ဂုဏ်ယူထိုက်သူ၊ နမူနာယူထိုက်သူ၊ သင်ခန်းစာယူ ထိုက်သူဖြစ်က ဂုဏ်ယူလိုက်ပါ၊
နမူနာယူလိုက်ပါ၊ သင်ခန်းစာယူ လိုက်ပါ။ အကယ်၍ ဘဝအကျိုးပေးနဲ့ စရိုက်သဘာဝအရ
ဂုဏ်မယူထိုက် သူ၊ နမူနာမယူထိုက်သူ၊သင်ခန်းစာ မယူထိုက်သူဖြစ်က
အတတ်နိုင်ဆုံး နားလည်ပေးပါ။ ဤသည်မှာ ကတစ်ရပ်ပါ။ အခြားကဏ္ဍတစ်ရပ်မှာ
ဂုဏ်ယူထိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နမူနာယူထိုက်သူ
ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ၊ သင်ခန်းစာယူထိုက်သူဟုတ်သည်ဖြစ်စေ၊
မဟုတ်သည် ဖြစ်စေအမြဲထာဝရ ရိုသေလေးမြတ် စွာ ရှိခိုးထိုက်သူ
'ဘဝကျေးဇူးရှင်' ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ မိဘအပေါ် အားမလို
အား မရဖြစ်တာ၊ မကျေမနပ်ဖြစ်တာရှိဦး တော့ အဲဒါက တစ်ကမိဘဟာ မိဘပဲဆိုတာ
တစ်ကဏ္ဍ၊ ဒီလို ခွဲခြား နားလည်နိုင်ပါမှ မိဘကျေးဇူးကို မြင်မှာဖြစ်ပါတယ်။
ဒီလိုမြင်မှလည်း မိဘကျေးဇူးကို ဆပ်နိုင်မှာဖြစ်တယ် ဟု ပြောပြမိသည်။
သားသမီးကို ချည်နှောင်သောမိဘနှင့် မိဘကို အာခံသော သားသမီးများ မဖြစ်ကြ
ပါစေနှင့်လို့သာ ........
forward mail မှ ပြန်လည်တင်ပြပါသည်

မပြည့်စုံတဲ့ဘ၀တစ်ခုထဲမှာ

နေပျော်သလိုနေတတ်ခဲ့တယ်...။

လောဘမာနဆိုတာဘာတွေလဲလို့မေးရလောက်အောင်

ရောင့်ရဲခြင်းအဟာရတွေကိုအပြည့်အ၀စားသုံးခဲ့တယ်....။

             သားသမီးတွေကိုစိုးရိမ်ကာချစ်တတ်ပုံကတော့

             တစ်ခြားကမ္ဘာကဂြိုလ်သားတွေတောင်လက်ဖျားခါလောက်တယ်

       တစ်နေတာအချိန်ဇယားတွေထဲမှာ

ဝတ္တရားမပျက် တာဝန်အကျေဆုံးကတော့

ရုံးတတ်ရုံးဆင်း ဆေးလိပ်သောက်ခြင်းတွေပါပဲ။

          အဖေ့အတွေးတွေမြိုသိပ်

          ခပ်မဆိတ်နေထိုင်တတ်တဲ့အဖေ

          ခံစားချက်တွေ

           ယုံကြည်ချက်တွေ

           မျော်လင့်ချက်တွေအတွက်

ဘာတစ်ခုမှမျှဝေခွင့်မရလိုက်ဘူး။

           အဖေကြောင်းပေးခဲ့တဲ့လမ်းပေါ်မှာ

           တည့်မတ်စွာလျှောက်နိုင်ရေး

           တော်တော်လေးအားမွေးခဲ့ရတယ်အဖေ

အဖေမရှိတော့တဲ့နောက်

လောကဓံအလှည့်အပြောင်းတွေအကြောင်း

           သမီးရေးတဲ့

မဖြစ်စလောက်အဖေ့အကြောင်း

    တစ်ခါတစ်ရံ

သားလေးအဖေနဲ့တော်တော်တူကြောင်း

အင်တာနက်တွေခေတ်စားနေကြောင်း

စသည်ဖြင့် အကြောင်း..ကြောင်း တွေပေါ့...အဖေ။

    အမေးချင်ဆုံးစကားတစ်ခွန်းကတော့

    လောကကြီးကို အနိုင်နဲ့  ပိုင်းသွားတဲ့ အကြောင်း...။

                                         မိုးစက်ငယ်

သူ လေးနှစ်သားအရွယ်တုန်းက မတော်တဆ ခဲမှန်လို့ မျက်လုံးတစ်လုံး တိမ်စွဲခဲ့ရတယ်။ ခဲမှန်စက သွေးတွေတရဟော ထွက်လို့ ဆေးရုံတက်ခဲ့ပေမယ့် ဆရာဝန်က အကောင်းပကတိ ဖြစ်အောင် ပြန်ကုလို့ မရနိုင်တော့ဘူးဆိုပြီး ဆေးတစ်ချို့ပဲပေးခဲ့တယ်။

ဒါကို အဖေက လက်မလျှော့ဘူး။ သူ့ကို ချီပိုးပြီး မြို့ပေါ်က အကောင်းဆုံး မျက်စိအထူးကုဆီ သွားပြခဲ့တယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ကုလို့မရတော့ဘူးဆိုတဲ့ စကားက အဖေ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်တယ်။ ဝမ်းနည်းမှုကို မခံရပ်နိုင်တဲ့အဆုံး အဖေ ငိုခဲ့တယ်။ ဘာကိုမှ သေချာနားမလည်သေးတဲ့ အရွယ်မို့ အဖေဘာကြောင့်ငိုမှန်း သူမသိခဲ့ဘူး။

သူ၆နှစ်အရွယ်ရောက်တော့ ညာမျက်လုံးက တစစဖြူလာခဲ့တယ်။ “အဖေ...ဘာဖြစ်လို့ ကျွန်တော့်မျက်လုံး တစ်လုံးက ဖြူနေရတာလဲ” လို့ မေးတဲ့အမေးကို အဖေပြန်မဖြေနိုင်ခဲ့ဘူး။ သားဘဝတစ်လျှောက်လုံး မျက်လုံးတစ်လုံးတည်းနဲ့ပဲ ပြီးဆုံးရတော့မယ်၊ ဘာပဲလုပ်လုပ် တစ်ခြားလူတွေထက် ပိုခက်ခဲမယ်ဆိုတာ အဖေသိခဲ့တယ်။

အဖေက လိပ်သည်းကျောက် တင်ပို့ရောင်းချတဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနှစ်က ကျောက်တွေကို ကားပေါ်တင်ရင်း မတော်တဆ ဝန်ချီစက်ကြိုး ပြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ ကျောက်တွေကနေ ကျောက်ခဲအသေးအမွှားတစ်ချို့က သေနတ်ထိပ်က ကျည်ဆံလိုပဲ အဖေ့ဆီ ပြေးဝင်လာခဲ့တယ်။ အဖေ ကာကွယ်ချိန် မရလိုက်ဘူး။ ကျောက်ခဲတစ်ချို့ အဖေမျက်လုံးကို ထိသွားခဲ့တယ်။ ဒဏ်ရာသေးပေမယ့် ကုသဖို့ကို အဖေငြင်းဆန်ခဲ့ပြီး အလျှော်ပေးတဲ့ ကုသခကိုပဲ ယူမယ်လို့ အဖေတောင်းဆိုခဲ့တယ်။

ဘာကြောင့်လဲလို့ မေးတော့ အဲဒီကုသခနဲ့ သားကို မျက်လုံးတုတစ်ခု တပ်ဆင်ပေးချင်လို့လို့ အဖေက ဆိုပါတယ်။ အဖေရဲ့တောင်းဆိုချက်ကို စစချင်းမှာ တစ်ဖက်က လက်မခံနိုင်ခဲ့ပေမယ့် အဖေရဲ့ တောင့်ခံမှုကြောင့် နောက်ဆုံးမှာ ဝန်ခံချက်လက်မှတ် ရေးထိုးပြီး လိုက်လျှောခဲ့တယ်။ ကုလို့ရနိုင်ရက်နဲ့ မကုဘဲ ငြင်းခဲ့တဲ့အဖေကို လူတွေက ရူးသွားပြီလို့ ထင်ကြပေမယ့် အဖေဂရုမစိုက်ခဲ့ဘူး။

အနှစ် ၂ဝလွန်ပြီးတဲ့နောက် ကုမ္ပဏီ အသေးလေးတစ်ခု အဖေပိုင်ခဲ့တယ်။ လူတွေက အဖေ့ကို “မျက်တစ်လုံး”လို့ ခေါ်ခဲ့ကြတယ်။ သားက ခန့်ခန့်ချောချောနဲ့ အကြောင်းမသိရင် မျက်စိတစ်ဖက် ကန်းနေမှန်းတောင် မသိနိုင်ပါဘူး။

သားရဲ့မင်္ဂလာပွဲမှာ လူတွေက သတို့သမီးကို “မျက်လုံးတစ်လုံးပဲ ရှိတဲ့သူ့ကို ဘာဖြစ်လို့ ယူသလဲ” လို့ မေးတော့ သတို့သမီးက “မျက်လုံးတစ်လုံးပဲ ရှိပေမယ့် သာမန်လူတွေထက် သူပိုရက်ရောတယ်” လို့ ပြောခဲ့တယ်။

သားရဲ့ မင်္ဂလာပွဲမှာ အဖေက အပျော်လွန်ပြီး မူးနေပါပြီ။
ကွယ်နေတဲ့ မျက်လုံးကို ထိုးပြီး အဖေက “ကျွန်တော် ဘာဖြစ်လို့ ဒီမျက်လုံးကို မကုခဲ့တာလဲ သိလား? သားငယ်ငယ်က သူ့မျက်လုံးတစ်ဖက် ဘာကြောင့် ဖြူနေရတာလဲလို့ ကျွန်တော့်ကို မကြာခဏ မေးခဲ့တယ်။ ကျွန်တော် ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဒီမျက်လုံးကြီး ကန်းသွားမှ သားကို ကျွန်တော်ပြန်ဖြေနိုင်ခဲ့တယ်။ ဖေဖေရဲ့ မျက်လုံးလည်း ဖြူနေပါတယ်သား.. ဒါမျိုးရိုးကြောင့်ပါလို့”

မင်္ဂလာခန်းမတစ်ခုလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။


ဖခင်ဆိုတာ တောင်တစ်လုံးနဲ့တူတယ်။ တည်ကြည်ခံ့ညား ကြီးမြင့်တယ်။ အခက်အခဲတွေကို ရှေ့ကနေ ကာကွယ်တားဆီးပေးတယ်။

ဖခင်ဆိုတာ မစီးဆင်းတဲ့ ရေတစ်အိုင်နဲ့တူတယ်။ ရင်ထဲက သူ့မေတ္တာကို မဖွင့်လှစ်ပြတတ်ဘူး။

ဖခင်ဆိုတာ လက်တစ်စုံပါ။ အဲဒီလက်တစ်စုံနဲ့ သားသမီးတွေကို ဖေးမပြီး နွေ၊ မိုး၊ ဆောင်းအတူ ဖြတ်ကျော်ခဲ့တယ်။

ဖခင်ဆိုတာ မျက်ရည်တစ်စက်။ အကြင်နာမေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ မျက်ရည်တစ်စက်ဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။

ဖခင်တစ်ယောက်ဟာ သူ့သားကို ကမ္ဘာပေါ်မှာ ပညာ အရှိဆုံး သူဆီကနေ

ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူခိုင်းလိုက်သတဲ့.....

        ခက်ခဲကြမ်းတမ်းတဲ့ခရီးရှည်ကြိးကို ဖြတ်သန်းပြီးတဲ့နောက်..ပညာရှိကြီးနေတဲ့

ခမ်းနားတဲ့တောင်ကုန်းပေါ်က ရဲတိုက်ကို ကောင်လေးရောက်ခဲ့တယ်....

     ပညာရှိကြီးဆီကိုရောက်တဲ့အထိကောင်လေးဟာ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေတယ်

ရဲတိုက်ထဲ သူဝင်သွားတဲ့အခါ..သူမြင်လိုက်ရတာတွေက..သူ့ကို အံ့အားသင့်သွားစေတယ်

လူတွေဟာ ပွဲလမ်း တစ်ခုကို ဆင်နွဲ နေကြသလို ဥဒဟို လှုပ်ရှားနေကြတယ်..သံစုံ တေးဂီတ အဖွဲ့ ကလဲ

သာယာတဲ့ တေးသီချင်းတွေဖန်တီးပေးနေတယ်လေ...

   ပညာရှိကြီးဟာ လူတိုင်းနဲ့ စကားစမြည်ပြောနေတယ်

         ကောင်လေးခမျာ ပညာ၇ှိကြီး သူ့ကို အာရုံ စိုက်မိတဲ့ အထိ ၂ နာရီလောက် စောင့်လိုက်ရတယ်

သူလာရတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ အခါ..ပညာရှိကြီးက ဆီထည့်ထားတဲ့ ဇွန်းကို

ကောင်လေးကို ပေးရင်းပြောတယ်....

 “မင်း ငါ ပြောတဲ့ အလုပ်ကို လုပ်ကြည့်စေချင်တယ်  ဒီအနီးတ၀ိုက်ကို မင်းသွားပါ

မင်းကိုင်ထားတဲ့ ဆီတွေကိုတော့ ဖိတ်မကျစေနဲ့ပေါ့”

  ကောင်လေးဟာ ရဲတိုက် ပတ်လည်ကို သွားတယ်...သူ့မျက်စိတွေကို ဇွန်းပေါ်ကနေ မလွဲစေရပဲနဲ့ပေါ့

၂ နာရီလောက်ကြာတော့ ပညာရှိကြီးရှေ့ကို ကောင်လေး ပြန် ရောက်လာတယ်..

   “ အင်း....ငါ့ရဲ့ ထမင်းစားခန်းထဲမှာ ချိတ်ထားတဲ့ ပါရှန်းရွှေချည်ထိုး ပန်းချီကားကြီးတွေကို မင်းကြည့်ခဲ့ရဲ့လား

ထိပ်တန်းဥယျာဉ်မှူးကြီး ဆယ်နှစ်ကျော်ကြာ ပြုစု ထားတဲ့ ဥယျာဉ်ရဲ့ အလှကို ရော မင်း ခံစားခဲ့ရဲ့လား

ငါ့စာကြည့်ခန်းထဲက ပုရပိုက်လှလှတွေကိုရော..မင်းတွေ့ခဲ့ရဲ့လား”

        ကောင်လေး သိပ်ရှက်သွားတယ် ..ဘာမှ မတွေ့ခဲ့ကြောင်း ပညာရှိကြီးကို ၀န်ခံလိုက်တယ်

သူ့မှာ ဆီတွေဖိတ်မသွားအောင် ဂရုစိုက်နေရတာကိုး

     “ဒါဆိုရင်ပြန်သွားပြီး. ငါ့ရဲတိုက်ထဲက အံ့ဖွယ်ရာတွေကို လေ့လာ ခဲ့...လူတစ်ယောက်ကို

သူ့အိမ်ကို သေချာ မသိဘဲ လက်မခံနိုင်ဘူး”

  ကောင်လေးရဲ တိုက်ကို ပြန် လှည့်ပတ်ကြည့်တယ်စေ့စေ့စပ်စပ် ကို လေ့လာတယ် ခံစားတယ်

ပြီးတော့ ပညာရှိကြီးဆီကို ပြန်လာတယ် သူကြည့်ခဲ့ပြီးကြောင်းပြောတယ်..

   “ဟုတ်ပြီလေ.ဒါနဲ့....ငါမင်းကို ဖိတ်မကျအောင် ပေးထားတဲ့ ဇွန်းထဲက ဆီတွေရော.....”

ကောင်လေး ဇွန်းကို ငုံ့ကြည့်လိုက်ချိန်မှာ ဆီတွေ မရှိတော့ဘူး....

ပညာအရှိဆုံး ပညာရှိကြီးက ပြောလိုက်ပါတယ်....

“  ကောင်းပါပြီ မင်းကို ငါ အကြံ တစ်ခုပဲပေးနိုင်မယ်  ပျော်ရွှင်မှု၇ဲ့ လျှို့ဝှက်ချက်ဆိုတာ

ကမ္ဘာကြီးရဲ့ အံ့ဖွယ်ထူးခြားချက်တွေ အားလုံးကို ကြည့်ရှု ခံစားဖို့နဲ့...ဇွန်းပေါ်က ဆီ

ဖိတ်မကျစေဖို့ပဲ”...