USB

USB Memory Stick ကိုဘယ်လို Format ချမလဲ ?

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ... Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ .......



USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။


အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ... အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။



တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။



ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။



အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် ... ။



ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။

 

သင့်ကွန်ပျုတာမှာ USB Drive တပ်လိုက်ပြီး မပေါ်ခြင်း

USB Drive ကို ကွန်ပျုတာတွင် တပ်ဆင်လိုက်တဲ့အခါမှာ Windows က USB Drive ကို ရှာတွေ့ပါတယ် ။ ဒါပေမယ့် အဲဒီလို တပ်လိုက်တဲ့ အချိန်မှာ ကွန်ပျုတာက Dirve Icon ကို ဖော်ပြလာခြင်း မရှိဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ Window ဟာ USB Drive အတွက် Drive letter မပေးနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ USB Drives တွေ အသစ်ဝယ်လာတဲ့ အခါ ( သို့ ) တစ်ကြိမ် တစ်ခါမျှ ကွန်ပျုတာတွင် တပ်ဆင်ခြင်း မပြုရသေးတဲ့ အခါမျိုးတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ USB Drive ရဲ့ Drive letter ဟာ Disk Management Service မှာ ရှိပြီးသား ဖြစ်ပါတယ် ။ လက်ရှိ ရှိနေတဲ့ Drive Letter ကို ချိန်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။  ဒါကို ဘယ်လို ပြင်ဆင်မလဲဆိုတော့ -

- Start => Run =>မှာ diskmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
- USB Drive ပေါ်မှာ Right Click ထောက်ပြီး Change Drive Letter and paths.. ဆိုတာကို သွားလိုက်ပါ။
- Add, Change , Remove ဆိုပြီး Change Drive Letter and paths..Window Box တက်လာမယ်...။
- Change ဆိုတာကို Click လိုက်ပါ။ ပြီးရင် Drive letters ကို Drop down menu ကနေ ရွေးပေးလိုက်ပါ ..။
{ My Computer မှာ ရှိပြီးသား Drive Letters တွေကိုတော့ ရွေးလို့ မရပါဘူး }
- ပြီးသွားရင် OK ပေးလိုက်ပါ ။ Confirm အတွက် Warning message တက်လာရင် Yes ပေးလိုက်ပါ။
- အခု USB Drive ရဲ့ New drive letter ကို My Computer မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...။
- ဒါဆိုရင် USB Drive ကို ပြဿနာ ကင်းကင်းနဲ့ အသုံးပြုနိုင်ပါပြီ...။


( 4 ) USB Drive ဖွင့်မရခြင်း ( သို့ ) Open with ဖြင့် တက်လာခြင်း

USB Drive (သို့) Hard Drive ကို Double click လိုက်ရင် “Open with “ ဆိုတာကြီးကို ကွန်ပျုတာ အသုံးပြုသူတိုင်း ကြုံဖူးကြမှာပါ။ သူ့ရဲ့အဓိကပြဿနာကတော့ USB Drive (သို့) Hard Drive ထဲမှာVirus များ ရှိနေခြင်းကြောင့်ပါပဲ။ Drive ကို Right Click ထောက်ပြီး Open ကို ရွေးဖွင့်မယ်ဆိုရင်တော့ သူက အလုပ်လုပ်ပါတယ်။ Double Click မရတာပေါ့..။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတော့ ကွန်ပျုတာမှာ Antivirus က Virus တွေကို သတ်လိုက်သော်လည်း Autorun တွေဟာ Virus တွေရဲ့ နောက်ကနေ ဝင်လာပြီး “Open with “ ဆိုတဲ့ Message ကြီးကို ပေးသွားခြင်းကြောင့်ပါ။

ဒီ Error ကို ဖြေရှင်းတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်
Disk Heal ဆိုတဲ့ Tool နဲ့ ဖြေရှင်းတဲ့နည်းလေး ဖော်ပြပေးသွားပါမယ်။ ဒီ Disk Heal ဆိုတဲ့ Tool ဟာ Virus ကြောင့် ဖြစ်ပေါ်စေတဲ့ Problems များကို ဖြေရှင်းပေးနိုင်ပါတယ်။

-
Disk Heal ကို Download  ချပြီး Run လိုက်ပါ။
- Run ပြီးရင် Disk Heal ကို ဖွင့်ပြီး Fix Tab ကို သွားပါ။
- Fix Disk Problems မှာ Drive letter ကို ရိုက်ထည့်ပြီး Fix ကို Click လိုက်ပါ။
- ကျန်တဲ့ Drives တွေကိုလဲ အပေါ်ကလိုပဲ လုပ်သွားပါ..။


Disk Heal နဲ့ ပတ်သက်ပြီး ဘာတွေထပ်လုပ်လို့ရတယ်ဆိုတာကို
ဒီနေရာ မှာ ဆက်လက် လေ့လာနိုင်ပါတယ်။

USB Drive ထိုးရင် ဗိုင်းရ် တက်တက်လာတယ်။ ကွန်ပျူတာ ဗိုင်းရ် ကိုက်မှာ စိုးလို.
USB,MP3,MP4  စသည်. USB Drive

ထိုးတာ ပိတ်ချင်တယ်ဆိုရင်တော. USB အသုံးပြုခွင့်ပိတ်ထားနည်းလေးပါ။ ပထမနည်း
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor

ကို ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာ ပါလိမ့်မယ်။ Value တန်ဖိုးက default
ဆိုရင် (3) ပါ။ USB drive တွေကို ပိတ်ထားချင်တယ် ဆိုရင်တော့ (4) လို့ပြောင်း
ပေးလိုက်ပါ။ USB Drive တွေ ဖြစ်တဲ့ MP3, MP4 နဲက Flash Drive တွေ သုံးလို့
မရတော့ပါဘူး။ လွယ်မှ လွယ်ပဲ။ ဒုတိယနည်း (၁) RUN >>> REGEDIT ကိုခေါ်ပါ။
(၂) HKEY_LOCAL_MACHINE >>> SYSTEM >>>

CURRENT CONTROL SET>>>CONTROL ကိုရောက်အောင်သွားပါ။ (၃) RIGHT CLICK
>>> NEW >>> KEY ပြုလုပ်ပါ။ (၄) KEY NAME ကို
StorageDevicePolicies ဟုပေးပါ။ (၅) USB အသုံးပြုခွင့်ပိတ်လိုလျှင် KEY VALUE ကို
1 ဟုရိုက်ပါ။ အသုံးပြုခွင့်ပေးလိုလျှင် 0 ဟုရိုက်ပါ။ တစ်ခုတော့ကြိုပြောပါရစေ
အထူးသဖြင့်တော့ Internet ဆိုင်တွေဆိုရင် ပိတ်မထားသင့်ပါဘူး ဘာကြောင့်လည်းဆိုတော့
အင်တာနက်ဆိုတာ ချက်ရုံသက်သက်မဟုတ်လို့ပါ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့် Data တွေကို
ယူသွားခြင်ကြပါတယ် vious ကြောက်ရင်တော့ Deepfreeze Software နဲ့ Antivious

ကောင်းကောင်းလေးကိုသုံးထားသင့်ပါတယ် ဘာကြောင့်ရေရသလည်းဆိုတော့ တစ်ချို့ Internet
ဆိုင်တွေမှာပိတ်ထားတာတွေ့ဖူးလို့ပါ ကျွန်တော် သာဆိုရင် အဲ့နက်ဆိုင်ကိုထိုင်ဖို့
စိတ်ကူးကိုမရှိပါဘူး တစ်ခါလေးပဲသွားထိုင်လိုက်ပါတယ် Data တွေကို CD နဲ့ကူးပေးတယ်
Print ထုပ်ပေးတယ် Stick နဲ့ကူးခွင့်မပေးထားဘူးလေ သူတို့က CD တွေ Print တွေကို
အလကားလည်းမကူးပေးပဲနဲ့ အလကားကူးပေးတယ်ထားအုံး ကျွန်တော် အိမ်မှာ CD ခွေတွေဆိုရင်
ပုံခံနေတာ ဘယ်နားကိုသွားသိမ်းမလည်း ပီးတော့ အဲ့ Internet ဆိုင်မှာပဲ Data
တွေကိုပြန်သုံးမယ်ဆိုရင်ကော သူတို့ကစက်ထည်းကိုပြန်ထည့်ပေးမှာလား ထည့်ပေးမယ်ထားအုံး
ကျွန်တော်ဆိုရင် တစ်ရက်တစ်ချပ်ထားလိုက်ဗျာ

ပီးတော့ upload တင်မယ့်ရက်ဆိုရင် အကုန်လုံးကိုတစ်ပြိုင်ထည်း တင်တာ
ခွေတွေကိုအထပ်လိုက်ယူလာမယ် ပီးတော့အကုန်စက်ထည်းပြန်ထည့်ခိုင်းမယ် လုပ်ပေးနိုင်မလား
သူတို့လည်းအလုပ်ရှုပ်တယ်

ကိုယ်လည်းအချိန်ပိုကုန်တယ်လေ ဘလော့တာရေးတာ ကျွန်တော် ကိုယ်ပိုင်အင်တာနက်လည်းမရှိပါ
ကိုယ်ပိုင်ကွန်ပျူတာလည်းမရှိပါ

portable hardisk တစ်လုံးသာပိုင်ဆိုင်ပါသည် ပြောနေတာရှည်နေပီ
ပြန်ဖွင့်တဲ့နည်းကိုရေးပေးလိုက်မယ်နော်

အကယ်၍ပိတ်ထာတာနဲ့ ကြုံလို့ကတော့ တစ်ခါတည်းပြန်ဖွင့်လိုက်
နက်ဆိုင်တွေမှာပဲပြောတာနော် သူများ ရဲ့ Personal Computer ကိုတော့သွားမလုပ်ပါနဲ့
သူများက Vious ကြောက်လို့ပါဆို သွားပုံကတော့ ပိတ်တဲ့နည်းအတိုင်းအဆင့်ဆင့်ပဲ
ပြန်သွားလိုက်နော် ပထမနည်းကို Data Value တန်ဖိုးက default ကို (3)
ပြန်ပြောင်းပေးလိုက်ပါ ဒုတိယနည်းကို StorageDevicePolicies  ဆိုတဲ့
ဖိုင်လေးကို delete လုပ်လိုက်ပါ ကဲ အဆင်ပြေနိုင်ကျပါစေဗျာ။

•   Start Menu မှတဆင့် Run Box မှာ gpedit.msc ကိုရိုက်ထည့်လိုက်ပြီး Enter ခေါက်လိုက်ပါ။
•   Computer Configuration>Administrative Templates>System  အထိ သွားလိုက်ပါ ။   
•   System  ကို Click တစ်ချက်နှိပ်လိုက်တာနဲ့ Right panel မှာ Turnoff Autoplay  ဆိုတာကို မြင်ရမှာပါ။
•   Turnoff Autoplay  ကို Right Click ထောက် Properties ကိုသွား။
•   Properties Box တက်လာရင် Enabled & All Drives ကို ရွေးပြီး Apply ..OK ပေးလိုက်ပါ။

ဒါဆိုရင် USB Drives တွေမှတဆင့် Autorun ကနေ ဝင်လာမယ့် Viruses တွေကို ကာကွယ်ထားနိုင်ပါပြီ။ အောက်မှာလဲ ပုံနဲ့ ပြထားပါတယ်။

" USB Stick ပြသနာအားရှင်းကြည့်ခြင်း။ "

USB Memory Stick နဲ့ ပတ်သက်လို့  Barcamp yangon ( MMIT Development ) တွေ့ ဆုံပွဲ မှာ ၀င်ရောက်ဆွေးနွေးကြတာလေး
အတွက် Data ပါမသွားတဲ့အတွက်အခုမှတင်ပေးလိုက်ရပါတယ်။ Pendrive (stick) တွေနဲ့ ပတ်သက်လို့ အဖြစ်များတဲ့ပြသနာလေးတွေ ( format ရိုက်မရတာ။ အထဲမှာတစ်ကောင်ကောင်ရှိလို့ ဘာမှလုပ်မရတော့တာ။ read /write မရတော့တာတွေ ) အတွက်ပါ။ ဒါပေမယ့် detected သိတဲ့ Pendrive အတွက်ဘဲအကျုံးဝင်ပါတယ်။ တစ်ချို့ က Hardware ပြသနာတွေကြောင့် detected
တောင်မရတော့ပါ။ တစ်ချို့ stick တွေဟာဆိုရင် ရှော့ဖြစ်ပြီးတော့ Mortherboard ကိုထိသွားလောက်တဲ့အထိကျွန်တော်ကြုံဖူးပါတယ်။
Warranty ရှိသေးတော့ ပြန်လဲပေးတာကိုကျေးဇူးတင်ခဲ့ရတယ်ဗျာ။ အဲလိုပေါ့ ကျွန်တော်တို့ နိုင်ငံကိုဝင်လာတဲ့ stick တွေကအမျိုးမျိုး
ရှိတော့ Quality ကလည်း ဂလိုဘဲပေါ့ဗျာ။ ဟုတ်ပါပြီပြောရင်းပြောရင်းနဲ့ ဘယ်တွေရောက်သွားပြိလဲမသိဘူး။
Tools လေးနှစ်ခုပေးမယ်ဗျာ။ ပထမတစ်ခုကတော့ Usb production Tool ဒုတိယတစ်ခုကတော့ LIF tool။

1.ပထမတစ်ခုကတော့ Usb Production Tool လေးပါ။ sitck တော်တော်များများအတွက်အဆင်ပြေပါတယ်။
Detected မသိတော့ဘူးဆိုရင်တော့ လက်လျော့လိုက်ပါတော့။ Detected ရတဲ့ Stick ဆိုရင်တော့ စမ်းကြည့်စေချင်ပါတယ်။
အသုံးပြုပုံကတော့လွယ်ပါတယ်။ ဒါလေးကိုဖြေလိုက်ပြီးတော့ Pdx 16.exe ဆိုတာလေးကို run လိုက်ဗျာ။ အောက်မှာပေးထားပါတယ်။
USB1.06ForUSBMistake.7z
ဒါဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်။ ( Window 7 နဲ့ တော့သိပ်အဆင်မပြေပါ ) XP ဆိုရင်ပိုအဆင်ပြေပါတယ်။


တကယ်လို့ Error တက်နေတဲ့ Stick ကိုသူလုပ်နိုင်တယ်ဆိုရင် Device နေရာမှာသိပြီးတော့ မြှားကလေးလင်းလာပါလိမ့်မယ်။
အဲဒါဆိုရင် မြှားကလေးကိုနှိတ်လိုက်တာနဲ့ ( စက်ဝိုင်းလေးလည်းပေါ်တတ်တယ်။ ) သူ့ ဖာသာသူ Remade ပြန်လုပ်သွားမှာဖြစ်ပါတယ်။ ပြီးရင်ပြန်ဖြုတ်လိုက်ရုံပါဘဲ။ မကျေနပ်သေးရင်တော့ ပုံမှန် Formet တစ်ခေါက်လောက်ပြန်ရိုက်လိုက်ပါ။
တကယ်လို့ သူကယ်လို့ မရတော့ဘူးဆိုရင်တော့ဘာမှပေါ်လာမှာမဟုတ်ပါဘူး အပေါ်ကပုံအတိုင်းသာပေါ်မှာဖြစ်ပါတယ်။
အော် ပြောဖို့ တစ်ခုမေ့ကျန်ခဲ့သေးတယ်ဗျ။ Memory stick ( pen drive) ကိုအ၇င်တတ်ပြိးမှ software လေးကို run ပါ ။ ဒါဆိုပိုအဆင်ပြေပါတယ်။

2. နောက်တစ်ခုကတော့ LIf tool ( low level formet tool ) ပါ။ ကြိုပြီးတော့သတိပေးပါတယ် တစ်ချက်မှားသွားတာနဲ့ သင့် Data
တွေအတွက် sorry ပါလို့ ဘဲပြောပါရေစေ။ ( ဖြီးတာမဟုတ်ပါ ဟဲ. ဟဲ )။
ဒီမှာတင်ပေးထားပါတယ်။ LIFTOOLS.7z
အဲဒါလေးကိုဖြေပြီးတော့ run လိုက်ရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။


အပေါ်ပုံမှာပေါ်နေတာက ATA harddisk ပါ ။ USB တပ်ထားတယ်ဆိုရင်တော့ Usbinterface နဲ့ ပေါ်လာပါမယ်။
အဲဒီမှာကိုယ်လုပ်ချင်တဲ့ USB ကိုသေချာလေးရွေးပြီးမှ Continue လေးလုပ်သွားရုံပါဘဲ။ ဒီကောင်လေးလုပ်ပြီးသွားရင်တော့
ပုံမှန် formet လေးတစ်ချက်လောက်ပြန်ရိုက်လိုက်ပါ။ မှားပြီးတော့ ATA့ harddisk ကိုသွားမထိလိုက်ပါနဲ့  ။ Data တွေပလုံသွား
မှာမို့ ထပ်ပြောလိုက်တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။

 

အခုတလော USB Device တွေမှာအများဆုံးတွေ့ရတဲ့ ဗိုင်းရပ်တစ်မျိုးကတော့

Bot.exe လို့ခေါ်ပါတယ်၊ မမ်မိုရီစတစ် ၊ အမ်ပီဖိုး ၊ အမ်ပီသရီးတွေမှာ အများဆုံးတွေ့ရပါတယ်

Bot.exe ၀င်နေပြီဆိုရင် မမ်မိုရီစတစ်များ အမ်ပီဖိုး ပလေရာများတွင်မိမိဒေတာများ ပျောက်ဆုံးကုန်တာ

တွေ့ရမှာ ဖြစ်ပြီး ထိုဒေတာ ပျောက်ဆုံးသွားသော စက်များအားproperties ဖြင့်ကြည့်မယ်ဆိုရင်

မိမိထည့်သွင်းထားသော ဒေတာများ၏ Capacity အတိအကျရှိနေတာတွေ့ရပါမယ်နားလည်သူဆိုရင်တော့သိမှာပါ

ဒါက Hidden ဖြစ်သွားတယ်ဆိုတာကိုပေါ့…  Toll bar က Folder Options ကနေ ချိန်းကြည့်လဲမရပါဘူး

Search နဲ့ရှာမယ်ဆိုရင်လဲ မရပါဘူး… စိတ်ပျက်လက်ပျက်နဲ့Format မရိုက်လိုက်ပါနဲ့အုံး လွယ်လွယ်ပြန်ရမယ့်

နည်းရှိပါတယ်… ဥပမာ- သင့်စက်ဟာ My Computer မှာ F: ဆိုပါတော့ဒေတာပျောက်နေသော F: ထဲကိုဝင်လိုက်မယ်ဆိုရင် Tool bar ပေါ်က Address bar မှာF:\  ဆိုပြီးတွေ့ရမယ် သင့်စက်ထဲမှာ သင်မှတ်မိမယ့်

သင့် ဒေတာဖိုင်နာမည်တစ်ခုကို Address bar မှာရိုက်ထည့်ပါဥပမာ- F:\mp3 ဆိုပြီး ရိုက်ထည့်မယ် ပြီးရင် Enter key

နှိပ်လိုက်မယ်ဆိုရင်တော့ mp3 ဆိုတဲ့ပျောက်နေတဲ့ ဖိုင်ထဲရောက်သွားမှာဖြစ်ပါတယ်သင့်ဖိုင်များကိုသင်မှတ်မိသလောက်တော့ ပြန်ရမှာ ဖြစ်ပါတယ် စာလုံးအကြီးအသေးနဲ့             Spacebarအကွာအဝေးတော့မှန်ပါစေ။Notepad.exe ဗိုင်းရပ်မျိုး ၀င်နေတယ်ဆိုရင်လဲ ဒီနည်းအတိုင်း ဖိုင်တွေကိုပြန်လည်ရှာဖွေနိုင်ပါတယ်။Bot.exe ကို ဗိုင်းရပ်ဆော့ဖ်ဝဲတွေက မသိကြသေးပါဘူး ဒါကြောင့်ကာကွယ်ချင်တယ်ဆိုရင်တော့USB Disk Security လိုမျိုးဆော့ဖ်ဝဲတွေသွင်းထားသင့်ပါတယ်။