dial-up သုံးချင်တယ်ဆိုရင်

dial-up သုံးချင်တယ်ဆိုရင်
သူငယ်ချင်းမှာ Auto telephone တစ်လုံးရှိဖို့လိုအပ်မှာဖြစ်ပါတယ်
နောက်ပြီးသူငယ်ချင်းရဲ့ ကွန်ပျူတာမှာ modem တပ်ဆင်ရပါမယ်
internal ဖြစ်ဖြစ် External ဖြစ်ဖြစ်ရပါတယ်
internal က တစ်သောင်းကျပ်ဝန်းကျင်သာရှိပြီး ကွန်ပျူတာရဲ့ PCI Slot မှာ တပ်ရပါတယ်
External ကတော့လေးသောင်းကျပ်ဝန်းကျင်ရှိပြီး USB စနစ်နဲ့ ကွန်ပျူတာပြင်ပမှာ
ထားရပါတယ်
internal သို့ External modem တပ်ဆင်ပြီးတဲ့အခါ Auto Telephone ကလိုင်းကြိုးကို
modem ရဲ့ jack မှာတပ်လိုက်ရုံပါပဲ
နီးစပ်ရာကွန်ပျူတာ အရောင်းဆိုင်များမှာ ACCESS Kit များကို ၀ယ်ယူရရှိနိုင်ပါတယ်
15hrs, 30hrs စသည်ဖြင့် အမျိုးမျိုးလာပါတယ်
အဲဒီ kit အတွင်းမှာ username, password နဲ့အတူ အသုံးပြုနည်း စာရွက်လည်းပါတာကြောင့်
ကိုယ်တိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်

Ref: http://www.myanmarchatonline.org/forum/index.php?topic=37601.0