ကဗျာရပ်ဝန်း

ကျောတစ်ရာ ရင်တစ်ရာ

ဒဏ်ခတ်ခံရပြီး

အရိုးကွဲအောင်ရိုက်လည်း

အသည်းစွဲအောင်ချစ်မယ့်

အချစ်က အသင့်ဆိုရင်

မင်းမှာငြင်းခွင့်မရှိပါဘူး...။

ငါမရှိတော့တဲ့ နင့်ရဲ့

မနက်ခင်းအသစ်တွေမှာ

နင် ချစ်တယ် ဆိုတဲ့

စကားလေးတခွန်းက

ဘယ်သူ့ရင် ကို အေးနေစေပြီလဲ

အရိပ်လို့ ကြည့်နေခဲ့ပါလျှက်နဲ့

တဖြေးဖြေး ဝေးသွားတာကိုလဲ

ဘာမှမတက်နိုင်ပဲ ရပ်ကြည့်နေခဲ့ရတာ

အခုထက်ထိ ဘယ်ဘက်ရင်အုံ

တစ်ချက်တစ်ချက် အောင့်နေတုန်းပဲဟာ.....

ကတိတွေလည်း မပေးနဲ့ 

s♥rry လို့ လဲမပြောနဲ့ 

ငါ့မျက်လုံးကို သေချာကြည့်ပြီး

တကယ်ချစ်ခဲ့တယ်လို့ ပဲပြော

အရာအားလုံးကို နားလည်ခွင့်လွှတ်

ပေးလိုက်မယ်


ဂုဏ်ဆိုတာ “ငွေ”နဲ့သတ်မှတ်မလား

ပကာသနဆိုတာ “ရာထူး”နဲ့သတ်မှတ်မလား

ဒီလိုတွက်ကြေးနဲ့ အရိုးခံ အဖြူထည်ဘဝ

ခင်းပြတိုင်း နင်းရမယ် မှတ်ထားရင်

မင်းမှားသွားပြီ

အိပ်မက်တစ်ပွဲ ပေးကွာ

မျှော်လင့်ချက် များများထည့်။

အတိတ်ဆိုးတွေမထည့်နဲ့ အနာဂါတ်

ရွှဲရွှဲလေး ဆမ်းကွာ။ ခံစားချက်ကို

ထည့်ရင် ဒီတိုင်းမထည့်နဲ့

သေးသေးလေးတွေ ဖဲ့ထည့်။

အချစ်နဲ့ အလွမ်း.. အလွမ်းနဲ့ အချစ်

ဘယ်ပညာရှင်ကမှ Equactionမထုတ်ခဲ့ တော့

Definationလဲမရှိသလို Formulaလဲမရှိတာကြောင့်

အလွမ်းDateတစ်ခုအတွက်Programလဲမရေးနိုင်ခဲ့ ....

ဂျာမန်ဆိုရိုးစကားတစ်ခု

ရှိတယ်ဘယ်ဝမ်းနည်းကြေကွဲ

မူမျိုးကိုမှအချစ်က မကျော်ဖြတ်နိုင်တာ

မရှိပါဘူးတဲ့.....

ငိုနေတဲ. ငါ.နှလုံးသားက

ရယ်နေတဲ. ငါ.နှုတ်ခမ်းကိုပြောတယ်

သူလဲပျော်ချင်တယ်တဲ. အဲဒီတော.

မျက်ရည်လည်နေတဲ. ငါ.မျက်ဝန်းက

ငါ.နှလုံးသားကို ပြန်နှစ်သိမ်.တယ်

သူလဲဟန်ဆောင်နေတာပါကွာတဲ.

ဘယ်လောက်ကြာဦးမလဲမသိတဲ့ ဝေးကွာခြင်းတွေ
တို့ နှစ်ယောက်အကြားရောက်ရှိလို့ လာခဲ့ပြီ
အရမ်းလွမ်းတယ်ချစ်လေရယ်...
အဝေးဆုံးဝေးတော့မှ ကို့ အနားမင်းရှိခဲ့တဲ့..
နေ့ ရက်တွေကိုလွမ်းတတ်နေခဲ့�...

မစားရလည်း စိုက်ရမည်မှာ

ငါ့ဝန်သာ မခူးရလည်း ပျိုးရသည်ပင်

ငါပျော်ရွှင်၏ ငါစိုက်ပျိုး၍ မြတ်နိုးပွေ့ဖက်

ငါ့အတွက်ဟု မက်မောရင်မှာ မရှိပါချေ

ငါ၏တာဝန် ကျေလို၍..... :)

လာပါအချစ်ရယ်..... ဖဲသွားရိုက်မယ်...

ဘောပွဲလောင်းမယ်... ၂လုံးထီထိုးမယ်

ကြည်နူးဖွယ်... ထီကြီးပေါက်ဖို့

ရည်စူးရွယ်ကာ ဘုရားကိုတက်.....

ကန်ဘောင်မှာ တူတူထိုင်ကာ

၃လုံးကိုတွက်...... Oh Yes, Oh

အချက်အပြုတ်......မောင့် အလုပ် အပြေးအလွား....

.မောင်ဈေးသွား အဖွတ်အလျှော်...မောင်ဘဲနော် :

(ကလေးထိန်းကျောင်း....မောင်ဘဲကောင်း

ကျောင်းကြိုကျောင်းပို့ ...မောင့်အဖို့ ။

ထင်းမီးသွေးဝယ်....မောင်ဘဲကွယ်

ငါးတွေက သွေးအေးတယ်

သိပ်ပြီး တိုးတိတ်လွန်းတော့လည်း

သူတို့ရဲ့ ရင်ခုန်သံကို

မင်းကြားရလိမ့်မယ် မဟုတ်ဘူး

အသည်းဆိုတဲ့Computer ထဲ

အချစ် Software တစ်ပုဒ်ကို

Install လုပ် နှလုံးသား Program

ကို Run လိုက်တဲ့အခါ ထွက်လာတဲ့

Statements တိုင်းဟာ Errors တွေချည်းပဲ

. . အင်း . . . Shut Down ချလိုက်တာပဲ

ကောင်းပါတယ်...

စကားလုံးတွေနဲ့

ပုံဖော်လို့မရတဲ့နာကျင်မှု့မျိုး..

အဲဒီနာကျင်မှုမျိုးကို မေ့ပစ်နိုင်ဖို့

ကြိုးစားရတဲ့ အချိန်တွေက

ငါ့ရင်ကိုပိုပြီး နာကျင်စေခဲ့ပါလား.........

ချန်ရစ်သူ …" နေခဲ့တော့နော် …

အဖော်အဖြစ် မခေါ်ရဲ မပျော်ပါ

ဒီလမ်းထက်မှာ လွမ်းလျက်သာပဲ။

*** "ကျန်ရစ်သူ …" ထားခဲ့တော့ကွယ်

… နားလည်စွာ ကျန်နေဆဲ သံသရာ

ဖန်တကွေ့မှာ ပြန်တွေ့မှာပဲ။ ***

ချစ်တတ်တဲ့

သူတစ်ယောက်

ဖြစ်ချင်ပါတယ်

အချစ်ငတ်ရမယ့်

သူတစ်ယောက်တော့

မဖြစ်ချင်ဘူး

ကြယ်မကြွေဘဲ ကောင်းကင်ပြိုကျတဲ့ ညမှာ..

အသည်းနှလုံး အပိုင်းအဆတွေ

အလည်လွန်ကြတော့ ကြေကွဲမှု့တွေက

လိုက်ထိမ်း ဆွေးမြေ့မှု့တွေက

လေမတိုက်ဘဲ ယိမ်းကြတာပေါ့...။

မင်းရင်ခွင်ထဲမှာ ... ငါ့ ထက် ချစ်ရမယ့် သူ ...

ရှိလာမယ့်  .....တစ်နေ့ မမုန်းပစ်ပဲ.....

ထားရစ်ခဲ့ ပါ မမေ့ ပစ်ပဲ.... ကျောခိုင်းသွားပါ...

တခြားသူကိုရင်ခွင်ထဲထား .........ခပ်ပါးပါးလေးပဲ .....

(ငါ့ ကို) သတိရပေးပါ .....♥

ကောင်းကင်အမိုးနဲ့  မလွတ်တဲ့ မျှော်လင့်ချက်တွေ ရှိတယ်

......... ရင်ဘတ်တစ်ခုလုံးနဲ့ မဆံ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်.......

ပိုင်ရှင်လက်မခံတဲ့ ရင်ခုန်သံတိုးတိုးလေးတွေ ရှိတယ်.......