အိမ်ထောင်ပြုမည့်သူတို့ စဉ်းစားသင့်သည့် အချက်များ

အိမ်ထောင်ပြုတော့မည့် စုံတွဲတို့သည် မိမိအိမ်ထောင်မပြုစဉ် အရင်စဉ်းစားရမည့် အချက်အလက်တို့ များစွာရှိသည့်အနက် မိမိထင်မြင်ယူဆသည့် အဓိကကျသော အချက်အလက်တို့ကို တင်ပြချင်ပါသည်။

အိမ်ထောင်ပြုမည့်သူတို့တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ

 

၁။ ဘာသာတူညီရမည်။

၂။ဘာသာရေးလိုက်စားမှု တူညီရမည်။

၃။စိတ်နေစိတ်ထား တူညီရမည်။

၎။တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရမည်။

ဇနီးမောင်နှံနှစ်ယောက်သည် အထက်ပါ အချက်အလက်တို့ မတူပါက ပစ္စုပ္ပန်ဘ၀တွင်သာ ဒုက္ခရောက်သည်မဟုတ်၊

သံသရာတစ်လျှောက်လုံးပါ ဒုက္ခရောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ယောက်တွင်
တစ်ဦးက
ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုများကို လုပ်ချင်သော်လည်း ကျန်တစ်ဦးက
မလုပ်ချင်၍ တားမြစ်ပိတ်ပင် ချောက်တွန်းမည်ဆိုလျှင် ကောင်းမှုကုသိုလ်
လုပ်ချင်သောသူသည် မျက်မှောက်တမလွန် နှစ်ဖြာလုံးပါ ဒုက္ခနဲ့ရင်ဆိုင်ရမည်မှာ
သေချာပါသည်။

အထက်ပါ

အချက်အလက်တို့ တူညီလျှင် မျက်မှောက်ဘ၀၌လည်း သာယာပျော်ရွှင်အောင်၊
စီးပွားရေးတိုးတက်အောင်၊ အိမ်ထောင်ရေးအဆင်ပြေအောင် နေနိုင်မည့်အပြင်
တမလွန်အတွက်လည်း ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ နှစ်ဦးသဘောတူ ပြုလုပ်ရ၍
စိတ်ပျော်ရွှင်မှုရရှိပြီး ချမ်းသာသုခမှန်သမျှတို့ကို မျက်မှောက်တမလွန်
နှစ်ဖြာလုံး၌
ရရှိမည်ဖြစ်ပါသည်။

ထို့ကြောင့်

အိမ်ထောင်ပြုသည်ဆိုသည်မှာ မျက်မှောက်ဘ၀ကိုသာကြည့်၍ အိမ်ထောင်မပြုသင့်ပါ။
တမလွန်အတွက်ပါကြည့်ပြီး ရွေးချယ်သင့်ပါသည်။

ထိုသို့မဟုတ်ဘဲ စိတ်ထားမတူ၊ ဘာသာမတူ၊ ဘာသာရေးလိုက်စားမှု မတူညီသောသူတို့ အိမ်ထောင်ကျလျှင် ထိုအိမ်ထောင်ရေးသည်

မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခဲ့ရလျှင်တောင်မှ တမလွန်ဘ၀အတွက် စိတ်အေးရမည်
မဟုတ်ပေ။

ယခုခေတ်ကာလ၌

အိမ်ထောင်ပြုနေကြသူများကို လေ့လာကြည့်သောအခါ ငွေကြေးဥစ္စာနှင့်
ရာထူးဂုဏ်သိက္ခာတို့ကို ကြည့်၍လည်းကောင်း တဏှာကို ဦးစားပေး၍လည်းကောင်း
အိမ်ထောင်ပြုနေကြ သည်က များနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့
အိမ်ထောင်ပြုကြသူတို့သည် အသိဉာဏ်ဗဟုသုတ နည်းပါးသောကြောင့်လည်းကောင်း၊
ဘာသာရေးစိတ်ဓာတ် နည်းပါးသောကြောင့်လည်းကောင်း မိုက်မဲစွာဖြင့်
အိမ်ထောင်ပြုကြခြင်း
ဖြစ်သည်ဟု ထင်မြင်မိပါသည်။

ဇနီးမောင်နှံနှစ်ယောက်တွင်

အနည်းဆုံးတူညီရမည့် အချက်တို့မှာ စိတ်သဘောထား၊ ဘာသာနှင့်
ဘာသာရေးးလိုက်စားမှု၊
နားလည်ပေးမှုတို့ရှိမှသာလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌
ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။

မိမိသည် ယခုအခါ လူ့ဘ၀ကို ရရှိနေသောကြောင့် ယခုဘ၀ထက် တမလွန်ဘ၀ကို ဦးစားပေး၍ ဘယ်ကိစ္စမဆို ပြုလုပ်ရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခု မိမိသည် လူ့ဘ၀ကို

ရရှိနေပြီးဖြစ်သည့် အတွက် ထမင်းမစားရလို့ ငတ်သေရင်တောင် အကုသိုလ်မလုပ်မိပါက
စိုးရိမ်ပူပန် ကြောက်လန့်စရာ မရှိပါ။ နောင်ဘ၀တွင် အကုသိုလ်မကောင်းမှု
မရှိသောကြောင့် ကောင်းသောဘ၀မှာဖြစ်ရပြီး ကောင်းကျိုးများကို ခံစားရမည်မှာ
သေချာပါသည်။


ထို့ပြင် မိမိသည် အရင်ဘ၀က ကောင်းမှုကုသိုလ်ရှိခဲ့သောကြောင့် အသိဉာဏ်ရှိသော လူ့ဘ၀မှာ ရောက်လာပြီး ဖြစ်သည့်အတွက် ဒီဘ၀သည် နောက်ဘ၀လောက် ပူပန်းစရာ မလိုပါ။
နောက်ဘ၀မှာ
မိမိသည် ဒီထက်နှိမ့်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့်
အပါယ်လေးဘုံများ
ရောက်မည်လား၊ ဒီထက်မြင့်သည့် နတ်ဘုံ၊ ဗြဟ္မာ့ဘုံများ ရောက်မည်လားဆိုတာ
မသေချာသေးပါ။
ထို့ကြောင့် ယခုရနေတဲ့ လူ့ဘ၀အတွက်ထက် နောက်ဘ၀ကောင်းစားအောင်
ကုသိုလ်ကောင်းမှုလုပ်ရန် အဓိကဦးစားပေး လုပ်ဆောင်သင့်ပါသည်။

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။


ပထမအိမ်ထောင်ရေး -----
ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့
လက်ထပ်တာဖြစ်တယ်။

တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း
(ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။



ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့
အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။

ဒုတိယအမျိုးအစားနဲ့
လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။

တတိယအမျိုးအစားနဲ့
လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။



ဒီလောကကြီးမှာ
ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့်
ဘဝမှာ(၃)ကြိမ်
လက်ထပ်ကြရတယ်။



ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊
ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့
လက်ထပ်တာဖြစ်တယ်။



ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။
တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။



တတိယအကြိမ်က အမျိုးတွေကြားမှာ
လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။



ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက
ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့
မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊
သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့
နားလည်မှုပဲရှိခဲ့တယ်။



တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့
ပိုဆိုင်ပါတယ်။



အခုခေတ် လူအများရဲ့ အိမ်ထောင်ရေးက
လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင်
ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ
အရောက်မတွန်းပို့နိုင်ခဲ့လိြု့

ဖစ်တယ်။



အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက
ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို
မျက်ကွယ်ပြုနိုင်တယ်။



ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့
အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့
ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို
ပြန်ရှင်သန်လာတတ်တယ်။



ဒီလိုအချိန်မျိုးမှာ
ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊
သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို
နားလည်ခွင့်လွတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး
ကျူံ့ဝင်ခြောက်ကပ်သွားနိုင်တယ်။



အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက
နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ
အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်



ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ
ဝင်ရောက်နိုင်သူနှစ်ဦးက "ကွာရှင်းမယ်"ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။
သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့
အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ
တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက
ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။



ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက
ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွတ်ခြင်းတွေနဲ့
ပြည့်နေပါလိမ့်မယ်။



အိမ်ထောင်ရေးနွေးထွေးတာနဲ့
အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့
တတိယအကြိမ်လက်ထပ်ခြင်းကို
အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့
လက်ထပ်တာပဲဖြစ်တယ်။



တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့
ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက်
ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက်
အသိဥာဏ်တွေကိုပေးတယ်။



ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ
မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။
ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင်
မလွယ်တကူ မခွဲနိုင်တော့ပါဘူး။



ချစ်ခြင်းလောကမှာ ယောက်ျားအများစုက
အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့ လိုအင်နဲ့
သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။



မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ
ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့
သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို
မသိနားမလည်ခဲ့ဘူး။



ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ
အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။



မူရင်းရေးသားသူ-- Liu Yanmin (刘燕敏)
(ဒီနေရာမှာ စာရေးဆရာရဲ့စာတွေ
တသီကြီးဖတ်နိုင်ပါတယ်)



နိုင်းနိုင်းစနေ
ဘာသာပြန်သည်။



(ယောက်ျားယူပြီးမှ

အိမ်ထောင်ရေးအကြောင်းတွေချည်းပဲ ရေးနေတယ်လို့ မပြောပါနဲ့နော်...

အရင်တုန်းကလဲ အလိုက်သင့်သလို အလှည့်ကျရေးပါတယ်။

သတိမထားမိခဲ့ကြလို့ပါ..ကျေးဇူးတင်ပါတယ်)

 

အိမ်ထောင်သည်ဘဝမှာ ဖိုမဆက်ဆံမှုကို စနစ်တကျပြုလုပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကို သားဖွားနဲ့မီးယပ်ပါရဂူတွေအပါအဝင် ကမ္ဘာ့နိုင်ငံ အချို့က
ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ပုံနှိပ်နဲ့ အွန်လိုင်းမီဒီယာတွေ စုပေါင်းပြီး
အကြံပြုထားတဲ့အချက်ကို တစ်ပေါင်းတည်း စုစည်းဖော်ပြလိုက်ပါတယ်။




၁။ ကိုယ်ဝန်ရှိစဉ်မှာ ဖိုမဆက်ဆံမှု ပြုလုပ်ပါ

ကိုယ်ဝန်ရှိစဉ်မှာ ဖိုမဆက်ဆံမှုကို ကိုယ်ဝန် ရှစ်လမတိုင်မီအထိ ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးမွေးပြီး နှလုံးအားနည်းတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင်
မွေးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံရာမှာ ပြဿနာနည်းသွားစေပြီး
နောက်လေးနှစ်အတွင်း ကွာရှင်းတာတွေလည်း ဖြစ်နိုင်ခြေ
နည်းသွားစေလိမ့်မယ်လို့ ဆိုပါတယ်။

၂။ ငါးမိနစ်ပဲ အချိန်ယူစရာလိုတယ်

မကြာသေးမီက ထုတ်ပြန်တဲ့ လေ့လာမှုမှာ ဖော်ပြချက်အရ အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် အိမ်ထောင်ဖက်ကို ကာမဆန္ဒ အထွတ်အထိပ်ရောက်အောင် ၅ ဒသမ ၇ မိနစ်သာ အချိန်ယူတယ်လို့ ဆိုပါတယ်။ ကိုယ့်ခင်ပွန်း စိတ်အေးအေး
ထားနိုင်မယ့်သတင်း ဖြစ်လိမ့်မယ်။ အဲဒီလေ့လာမှုမှာ အကြာဆုံးက ၅၂
မိနစ်ဖြစ်ပြီး အမြန်ဆုံးကတော့ ၆ စက္ကန့်ပါတဲ့။

၃။ အဲဒီကိစ္စကို ကိုယ်စီဒိုင်ယာရီရေးပါ

Tex Sex Diaries စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် စုံတွဲ ၉၈ တွဲကို လိင်ဆက်ဆံခြင်း၊ ရှောင်ကြဉ်ခြင်းနဲ့ ပတ်သက်ပြီး ကိုယ်စီဒိုင်ယာရီရေးခြင်းအားဖြင့် အပြန်အလှန်နားလည်မှု ပိုဖြစ်စေတယ်လို့
ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎။ ပုံမှန်သွားရင် အလုပ်မှာ ဖန်တီးမှု စွမ်းရည် တိုးလာမယ်

အမေရိကန်က ဇီဝမနုဿဗေဒ ပညာရှင် ဒေါက်တာ အယ်လင်ဖစ်ရှာရဲ့ သုတေသနအရ ဖန်တီးမှုရှိခြင်းဟာ မေထုန်မှီဝဲမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ မေထုန်မှီဝဲတဲ့အခါ အာရုံကြောနဲ့ ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို အထောက်အကူပြုတဲ့
ဒိုပါမင်းဓာတု ပစ္စည်းလှုံ့ဆော်မှုဟာ မြန်ဆန်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ပုံမှန်မေထုန်မှီဝဲသူတွေဟာ အလုပ်ခွင်မှာ ဖန်တီးမှုစွမ်းရည် ပိုရှိလာတယ်လို့
ဒေါက်တာအယ်လင်က ပြောခဲ့ပါတယ်။

၅။ ရေဓာတ်ဆုံးရှုံးရင် ပြဿနာရှိတယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝတဲ့ အမျိုးသားတွေဟာ လိင်ဆန္ဒဖြစ်ပေါ်မှု လွယ်ကူပြီး ရေဓာတ်ဆုံးရှုံးတဲ့သူတွေမှာ လိင်ဆန္ဒနိုးကြားမှု ကမောက်ကမဖြစ်တာ တွေ ရှိလာမယ်လို့ The Journal of Sexual Medicine မှာ ဖော်ပြထားပါတယ်။

၆။ အမျိုးသားတွေက စွမ်းဆောင်နိုင်သူလို့ အထင်ခံချင်တယ်

၁၉ ကြိမ်မြောက် လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာကွန်ရက်မှာ ဘရာဇီးသုတေသနပညာရှင်တွေက ဘယ်အရာက အမျိုးသားတွေကို ကျေနပ်မှုအပေးဆုံးလဲလို့ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ အမျိုးသား ၁၂
ရာခိုင်နှုန်းက အသံကြားရတာ၊ သာယာမှုနဲ့ နိုးကြွမှုကို စောင့်ကြည့်ရတာတွေဟာ
လိင်ဆက်ဆံချိန်မှာ သူတို့ကို ကျေနပ်မှုပေးတဲ့ အရာတွေပါလို့ ဖြေခဲ့ပါတယ်။

၇။ အဆင်ပြေသွားစေမယ့် နည်းလမ်းတွေ

ဒိန်းမတ်နိုင်ငံက အဖွဲ့အစည်းတစ်ခုက လိင်ဆက်ဆံတဲ့အခါ ကာမဆန္ဒ ပြီးမြောက်မှုမရှိတဲ့ အမျိုးသမီး ၅၀၀ ကို နည်းလမ်းတွေ ပေးခဲ့ပါတယ်။ သူတို့တွေဟာ အဲဒီလိုဖြစ်နေတာ ပျမ်းမျှ ၁၂ နှစ်ကြာပြီလို့ ဆိုပါတယ်။
နည်းလမ်းတွေကတော့ လိင်အင်္ဂါပိုင်းဆိုင်ရာ လက်သင့်ခံမှု၊
တစ်ကိုယ်ရေဖျော်ဖြေမှု စတာတွေပါတဲ့။ ဒီနည်းလမ်းတွေရအပြီးမှာ သူတို့တွေထဲက
၉၃ ရာခိုင်နှုန်းဟာ အဆင်ပြေသွားကြပါတယ်။

၈။ နိစ္စဓူဝ ဆက်ဆံမှုပြုလုပ်ရင် ကလေးရဖို့အတွက် အလားအလာ ပိုသွားမယ်

ကလေးလိုချင်တဲ့ အိမ်ထောင်သည်တွေဟာ နေ့စဉ်ဆိုသလို ဆက်ဆံမှု ပြုလုပ်သင့်ပါတယ်လို့ Sydney IVF က ဒေါက်တာ ဒေးဗစ်ဂရင်းနင်းက ဆိုပါတယ်။ နေ့စဉ် ဆက်ဆံခြင်းအားဖြင့် ပျက်စီးနေတဲ့ သုက်ပိုးတွေဖြစ်ပေါ်မှုကို ၂၆
ရာခိုင်နှုန်း လျော့ကျစေပါတယ်။ အထူးသဖြင့် မမျိုးဥမကြွေမီ ခုနစ်ရက်မှာ
နေ့စဉ် ဆက်ဆံခြင်းဟာ အရည်အသွေး အမြင့်ဆုံးသုက်ပိုးတွေကို ဖြစ်ပေါ်စေမယ်လို့
ဆိုပါတယ်။

၉။ ယောဂလေ့ကျင့်တာ ကောင်းတယ်

ကနေဒါက ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ယောဂလေ့ကျင့်ခန်းယူသူ အမျိုးသမီးတွေဟာ လိင်ဆန္ဒနိုးကြားမှုနဲ့ ကာမဆန္ဒပြီးမြောက်မှု မြင့်မားတယ်လို့ သိရပါတယ်။ ယောဂလေ့ကျင့်ခန်းကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး
စိတ်အာရုံ အပြည့်အဝရှိတာကလည်း ယောဂလေ့ကျင့်ခန်းရဲ့ အရေးပါတဲ့သက်ရောက်မှုပါ။

၁၀။ ကိုယ်ဝန်မရအောင် ရှောင်တဲ့နည်းလမ်းတွေ ကြိုစဉ်းစားပါ

မတော်တဆ ကိုယ်ဝန်ရသွားမှာမျိုး မဖြစ်ရအောင် ကွန်ဒုံးသုံးတာအပြင် ဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်လို့ရတဲ့ သောက်ဆေးတွေကလည်း အရေးပါတယ်လို့ ဆိုပါတယ်။ ပဋိသန္ဓေတားဆေးတွေသုံးလို့ ကိုယ်ဝန်ပျက်ကျတတ်တယ် ဆိုတာ
အယူအဆမှားပါ။ ဒီဆေးတွေက ခန္ဓာကိုယ်ကိုပဲ ပြောင်းလဲသွားစေပြီး
ပဋိသန္ဓေမရအောင် ကာကွယ်ပေးတာပါလို့ တောင်သြစတြေးလျတက္ကသိုလ်က
ဟယ်လင်ကာလာဗာရက်တိုက ဆိုပါတယ်။

Ref: Good Health.

Once upon a time, there was an island where all the feelings lived: Happiness, Sadness, Knowledge, and all of the others, including Love. One day it was announced to the feelings that the island would sink, so all constructed boats and left. Except for Love.

ဟိုးရှေးရှေးတုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း၊ အသိပညာ စတဲ့ "ခံစားချက်တွေ" အားလုံးနေထိုင်ကြတယ်။ "အချစ်"လည်း အပါအဝင်ဖြစ်တယ်။ တစ်နေ့မှာ သူတို့နေထိုင်တဲ့ကျွန်းလေး နစ်မြုပ်တော့မယ်ဆိုတဲ့အကြောင်း ကြေညာခဲ့တယ်။။ "အချစ်"ကလွဲလို့ ကျန်သူတွေအားလုံး လှေကလေးတွေလုပ်ပြီး ကျွန်းကနေခွာခဲ့ကြတယ်။


Love was the only one who stayed. Love wanted to hold out until the last possible moment. When the island had almost sunk, Love decided to ask for help.

ကျွန်းပေါ်မှာ "အချစ်"တစ်ယောက်ပဲ ကျန်ခဲ့တယ်။ နောက်ဆုံးအချိန်ထိ ကြံ့ကြံ့ခံဖို့ သူမျှော်လင့်ထားတယ်။ ကျွန်းလုံးဝနစ်မြုပ်ခါနီးမှ အကူအညီယူဖို့ သူဆုံးဖြတ်လိုက်တယ်။


Richness was passing by Love in a grand boat. Love said, "Richness, can you take me with you?"

"ကြွယ်ဝခြင်း"က အချစ်ဘေးနား လှေကြီးတစ်စင်းနဲ့ ဖြတ်လှော်သွားတယ်။

"ကြွယ်ကြွယ်ရေ... ငါ့ကိုခေါ်သွားနိုင်မလား?" အချစ်ကပြောတယ်။


Richness answered, "No, I can't. There is a lot of gold and silver in my boat. There is no place here for you."

"ဟင့်အင်း... ငါ့လှေပေါ်မှာ ရတနာဥစ္စာတွေ အပြည့်ပဲ။ နင့်အတွက် နေရာမရှိဘူး" ကြွယ်ဝခြင်းက ဖြေတယ်။


Love decided to ask Vanity who was also passing by in a beautiful vessel. "Vanity, please help me!"

"ကြွားဝါခြင်း"က လှေလှလှလေးစီးပြီး အချစ်ဘေးနား ဖြတ်လှော်သွားတယ်။

"အကြွားရေ... ငါ့ကိုကူပါဦး!" အချစ်ကပြောတယ်။


"I can't help you, Love. You are all wet and might damage my boat," Vanity answered.

"မကူနိုင်ဘူး အချစ်ရယ်... နင့်တစ်ကိုယ်လုံး ရွဲရွဲစိုနေတာ ငါ့လှေညစ်ပတ်သွားမှာပေါ့" ကြွားဝါခြင်းက ဖြေတယ်။


Sadness was close by so Love asked, "Sadness, let me go with you."

"နာကျင်ခြင်း" ရဲ့လှေ အနားကပ်တော့ အချစ်က "ကျင်ကျင်ရေ... ငါ့ကိုခေါ်သွားပါ" လို့ဆိုတယ်။


"Oh . . . Love, I am so sad that I need to be by myself!"

"အိုး..ချစ်... ငါအရမ်းဝမ်းနည်းနေတယ်။ ငါတစ်ယောက်ထဲပဲ နေချင်တယ်"


Happiness passed by Love, too, but she was so happy that she did not even hear when Love called her.

အချစ်ဘေးနား "ပျော်ရွှင်ခြင်း"ဖြတ်သွားတယ်။ ဒါပေမယ့် သူသိပ်ပျော်နေလို့ အချစ်ရဲ့ခေါ်သံကို သူမကြားလိုက်ဘူး။


Suddenly, there was a voice, "Come, Love, I will take you." It was an elder. So blessed and overjoyed, Love even forgot to ask the elder where they were going. When they arrived at dry land, the elder went her own way. Realizing how much was owed the elder,

ရုတ်တရက် အသံတစ်သံကို ကြားလိုက်တယ်။ အသံက လူကြီးပိုင်းကဖြစ်တယ်။

"လာ အချစ် နင့်ကိုငါခေါ်သွားမယ်"

အချစ် အရမ်းပျော်သွားမိတယ်။ သူတို့ ဘယ်သွားကြမလဲဆိုတာကို မေးဖို့မေ့လောက်အောင် ပျော်သွားတယ်။ ကမ်းစပ်တစ်ခုဆီရောက်တော့ လူကြီးက သူလမ်းသူသွားလိုက်တယ်။ သူ့ကို လူကြီးတော်တော်ကူညီလိုက်မှန်း အချစ် နားလည်လိုက်တယ်။


Love asked Knowledge, another elder, "Who Helped me?"

အဲဒီလိုနဲ့ နောက်အကြီးတစ်ဦးဖြစ်တဲ့ "အသိပညာ" ကို အချစ်ကမေးတယ်။

"အချစ်ကို ဘယ်သူကူညီလိုက်တာလဲ?"


"It was Time," Knowledge answered.

"အချိန်က ကူညီလိုက်တာ" အသိပညာက ဖြေတယ်။


"Time?" asked Love. "But why did Time help me?"

"အချိန်! အချိန်က ဘာဖြစ်လို့ အချစ်ကို ကူညီရတာလဲ?" အချစ်မေးပြန်တယ်။


Knowledge smiled with deep wisdom and answered, "Because only Time is capable of understanding how valuable Love is."

"အချိန်ကမှ အချစ်ရဲ့တန်ဖိုးကို နားလည်လို့ပါ" အသိပညာက နက်နဲတဲ့ဉာဏ်ပညာနဲ့ ပြုံးရင်းဖြေတယ်။


***တခြားသူတွေ ဘာသာပြန်ထားတာကို ဖတ်ဖူးမှာပါ။ ဖတ်ရတာ ကြည်နူးစရာလေးမို့ ကြည်ကြည်နူးနူးဖြစ်အောင် ထပ်ဘာသာပြန်လိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


လင်မယားနှစ်ယောက် လက်ထပ်ထိမ်းမြားပြီး ၁၁ နှစ်ကြာမှ သားယောက်ျားလေးတစ်ယောက် ဖွားမြင်သတဲ့။ သူတို့နှစ်ယောက်ဟာ ချစ်ခင်ကြင်နာတဲ့ မောင်နှံစုံဖြစ်ပြီး အိမ်ထောင်သက်ကြာမှ ရတဲ့ကလေးဆိုတော့ တော်တော်ချစ်ကြတာပေါ့။

ဒီလိုနဲ့ ကလေးအသက် ၂ နှစ်သားအရွယ်ရောက်တဲ့မနက်ခင်းတစ်ခုမှာ ခင်ပွန်းသည်ဟာ ဆေးပုလင်းတစ်လုံး အဖုံးပွင့်နေတာ မြင်သတဲ့။ အလုပ်ချိန်နောက်ကျနေပြီမို့ ဆေးပုလင်းအဖုံးပြန်ပိတ်ပြီး ဗီရိုထဲထည့်ထားဖို့ သူ့ဇနီးကို အတန်တန်ပြောခဲ့တယ်။ဇနီးသည်ကလည်း ချက်ရေး၊ပြုတ်ရေးကိစ္စထဲ စိတ်စွဲနေတော့ ဆေးပုလင်းကိစ္စ လုံးဝမေ့လျော့နေသတဲ့။

ကလေးငယ်က ဆေးပုလင်းကိုမြင်တော့ ယူပြီးကစားတယ်။ ရောင်စုံဆေးတောင့်လေးတွေဟာ ကလေးအတွက်တော့ စိတ်ဝင်စားစရာပေါ့။ ဆေးတောင့်တွေ အကုန်လုံး ကလေးက ပါးစပ်ထဲ မျိုချပစ်လိုက်တယ်။ အဲဒီဆေးဟာ လူကြီးတွေအတွက်တောင်မှ သောက်ရမယ့် အတိုင်းအဆထက်ပိုရင် အန္တရာယ်ဖြစ်တတ်တယ်။
ကလေးငယ် မူးမေ့လဲသွားတာတွေ့တော့ ကလေးအမေဟာ ကလေးကို ချက်ချင်းဆေးရုံပို့တယ်။ အဲဒီဆေးရုံမှာပဲ ကလေးငယ်သေဆုံးသွားတယ်။
ကလေးဆုံးပြီဆိုတော့ ကလေးအမေလည်း မူးမေ့ပြီး သတိလစ်သွားတာပေါ့။ သူ့ယောက်ျားကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုလည်း ဖြစ်နေတာပေါ့။

စိတ်တွေ ကယောက်ကယက်ဖြစ်သွားတဲ့ယောက်ျား ဆေးရုံကိုရောက်လာတော့ ကလေးရဲ့အလောင်းကိုတွေ့တယ်။ သူ့မိန်းမရဲ့မျက်နှာကိုကြည့်ပြီးတော့ ယောက်ျားက စကားခြောက်လုံးပဲပြောတယ်။ အဲဒီစကားခြောက်လုံးက ဘာဖြစ်မယ်ထင်လဲ Huh?

ခင်ပွန်းသည်ပြောလိုက်တဲ့ စကားခြောက်လုံးကတော့ မင်းကို ကိုယ်သိပ်ချစ်တယ်တဲ့။
သေသွားတဲ့ကလေးဟာ ဘယ်လိုမှ ပြန်ရှင်မလာနိုင်တော့ဘူး။ ဆေးပုလင်းကို မသိမ်းရကောင်းလား ဘာလား ညာလား အမှားထောက်နေလို့လဲ အကျိုးမထူးဘူး။ မိခင်အတွက်လည်း သားတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒီအချိန်မှာ အမျိုးသမီးအတွက် လိုအပ်နေတာက ဂရုဏာနဲ့ နှစ်သိမ့်မှုပါ။ ဒါကို ခင်ပွန်းသည်က ပေးလိုက်သတဲ့။

တစ်ခါတလေမှာ ပြဿနာတွေ့ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ ဆိုတာပဲ အရင်ရှာလေ့ရှိတယ်။ ပြဿနာ ကြုံတွေ့ရသူတိုင်း နွေးထွေးတဲ့ ထောက်ကူပေးဖို့ ပျက်ကွက်နေကြတယ်။ ကိုယ် ချစ်ခင်ရင်းနှီးသူတွေကို ခွင့်မလွှတ်နိုင်ဘဲ အလွယ်တကူ အပြစ်တင်လိုက်ကြတယ်။
လူ့ဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာ၊ အခက်အခဲ၊ အဆင်မပြေမှုပေါင်းစုံ တွေ့ကြုံနေရတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မနာလိုဝန်တိုမှု၊ စေတနာနည်းမှုတွေကို ခွင့်လွှတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်းအဖြစ် ပြောင်းလဲနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အချစ်ဆုံးကို နားလည်ပါ

 

 

ခင်ပွန်း

 

 

တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။

        

ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ

 

သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။

 

သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို

 

မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။

 

တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ

 

ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

 

 

ဇနီး

 

 

သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ

 

ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?

 

တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။

 

တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။

 

တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။

 

လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့

 

ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

 

 

သားသမီး

 

 

သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ

 

 ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?

 

ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို

 

ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။

 

စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့

 

နှလုံးသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။

 

သူ  ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

 

 

မိဘ

 

 

အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။

 

ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့

 

သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။

 

သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်

 

ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့

 

ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။

 

လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။

 

အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

 

 

မောင်နှမ

 

 

stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။

 

အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။

 

အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။

 

တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ

 

ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။

 

 

ချစ်သူ

 

 

အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။

 

ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။

 

စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။

 

မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။

 

အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။

 

ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။

 

နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။

 

            လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

မောင်သူရ(ခရမ်းမြေ) ရဲ့ အတွေးပုံရိပ်မှ ကူးယူဖော်ပြပါသည်။


မင်းရင်ဘတ်ထဲမှာ ထည့်ထားဖို့....


၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်
ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။

၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင်
ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ
သိမ်းထားလိုက်ပါ။

၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့
ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့
မှတ်ယူထားရမယ်။

၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့
ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး
စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။

၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်
ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။