အချစ်

အချစ်

 


(၁) အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း သေးငယ်သတဲ့။

(၂) ကမ္ဘာကြီးအဖို့တော့ သင်ဟာ လူတွေထဲက လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူတစ်ယောက်အဖို့တော့ သင်ဟာ သူ့ကမ္ဘာဖြစ်တယ်။

(၃) သင့်အတွက် အချိန်မပေးနိုင်သူအပေါ် သင့်အချိန်တွေကို မဖြုန်းပါနဲ့။

(၄) တစ်ကြိမ်တစ်ခါမှ မချစ်ဖူးတာထက် ချစ်ဖူးပြီးမှ အချစ်ကိုဆုံးရှုံးတာက ပိုကောင်းတယ်။

(၅) အချစ်ဟာ လူကိုရင့်ကျက်စေတယ်။ ဒါမှမဟုတ် နစ်မွန်းစေတယ်။

(၆) ပြီးဆုံးသွားတဲ့အချစ်အတွက် ငိုကြွေးမနေနဲ့... ချစ်ခဲ့ဖူးတဲ့အချစ်အတွက် ပြုံးလိုက်ပါ။

(၇) ကိုယ်ချစ်တဲ့လူကလည်း ကိုယ့်ကိုယ်ချစ်နေတယ်ဆိုရင် ဒါဟာ ထူးဆန်းအံ့သြစရာတဲ့။ ဒီအံ့သြစရာကို ဘုရားသခင်က ချစ်သက်ဝင်တယ်လို့ အမည်ပေးခဲ့တယ်။

(၈) ကိုယ်ချစ်တဲ့လူရဲ့ အချစ်ကိုခံရတဲ့ ခံစားချက်က ဘယ်လိုလဲ? ဘယ်လိုခံစားချက်မျိုးလဲ?
ဒါကို သင်ချက်ချင်းဖြေချင်နေခဲ့ရင် သင်ဟာ အပျော်ဆုံးလူဆိုတာ သိထားလိုက်ပါ။

(၉) မျှော်လင့်ချက်နဲ့ ယုံကြည်မှုဆိုတာ အိမ်မြှောင်ရဲ့အမြီးနဲ့တူတယ်။ အချိုးခံရပြီးလည်း ပြန်ပြန်ထွက်တယ်။

(၁ဝ) ကိုယ်မုန်းတဲ့အရာပေါ် အောင်နိုင်တာထက် ကိုယ်ချစ်တဲ့အရာပေါ် ရှုံးနိမ့်တာက ပိုကောင်းတယ်။

(၁၁) ဝမ်းနည်းကြေကွဲနေလည်း မျက်နှာကို ရှုံ့မဲ့မထားနဲ့။
သင့်အပြုံးကို ချစ်မိသွားနိုင်မယ့်သူ ရှိလို့ပါ။

(၁၂) ငါ့ကိုထားသွားပြီဆို ကျေးဇူးပြုပြီး မနှစ်သိမ့်နဲ့တော့.....
အပ်တစ်ချက်ချုပ်တိုင်း ချုပ်ရာတစ်ချက် နာရလို့ပါ။

(၁၃) ပျော်ရွှင်ခြင်းရဲ့သော့ချက်ဆိုတာ ပြီးပြည့်စုံတဲ့လူနဲ့ ကြုံရလို့မဟုတ်ဘူး။
ပြီးပြည့်စုံတဲ့ဘဝဖြစ်အောင် အတူကြိုးစားမယ့်လူနဲ့ ကြုံတာဖြစ်တယ်။

(၁၄) သူ့ရဲ့ကောင်းကွက်ကိုပဲချစ်တဲ့ အချစ်ကို အချစ်လို့မခေါ်ဘူး။
သူ့ရဲ့ဆိုးကွက်ကိုလည်း ချစ်တဲ့အချစ်မှ အချစ်လို့ခေါ်တယ်။

အင်တာနက်ပေါ်က အချစ်ကို ရှာဖွေဘာသာပြန်သည်။

နိုင်းနိုင်းစနေ

>>>I = Idyllic love is only for you!
>>> ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်း

တဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။
>>> L = Live with your love !
>>> ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။
>>> O = One life,one love!
>>> ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။
>>> V = Vacant of my heart is only for you!
>>> ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။
>>> E = Except your love_need nothing!
>>> မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။
>>> Y = Your are my life!
>>> မင်းဟာငါ့ရဲ့အသက်ပါ။
>>> O = Oxygen for me you are!
>>> မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။
>>> U = Use my heart to be happy!
>>> မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှလုံးသားကိုအသုံးချလိုက်ပါကွာ။
>>

I = Idyllic love is only for you!
>>> ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်းတဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။
>>> L = Live with your love !
>>> ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။
>>> O = One life,one love!
>>> ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။
>>> V = Vacant of my heart is only for you!
>>> ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။
>>> E = Except your love_need nothing!
>>> မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။
>>> Y = Your are my life!
>>> မင်းဟာငါ့ရဲ့အသက်ပါ။
>>> O = Oxygen for me you are!
>>> မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။
>>> U = Use my heart to be happy!
>>> မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှုံးသားကိုအသုံးချလိုက်ပါကွာ။

အချစ်စစ်ဆိုသည်မှာ


ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ  ကျွန်တော့ကို ပြောတယ်….
 
“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..  အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
 
ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…
 
အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်…   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်…
 
“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
 
“ မဟုတ်ပါဘူးလူလေးရယ်…   အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူ  မနက်စာ စားနေကြလေ…..”
 
“အော်..     အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”
 
“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့်   ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”
 
ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့   
 
“တကယ်လို့  နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင်  အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..
 
သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်….  အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”
 
ကျွန်တော် အတော်လေးအံ့သြသွားတယ်..   “အိုး..  ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
 
 
အဖိုးအိုက ပြုံးလိုက်တယ်….   ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..
 
” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ” 
 
အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်…  အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်…  အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ..  အဖိုးရဲ့လက်နဲ့  ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က နေရာလေးမှာ  သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ ခံစား မိတယ်…  လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ  ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  ရှာဖွေနေတဲ့  ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..
 
အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး….  စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည်  ဖြစ်စေ  မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့  အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့ ဘ၀မှာ  အချစ်စစ် ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ် …   ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…  ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်…. ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……
 
 
ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ  အချစ်စစ် ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့
သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....

ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.

....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့.....
ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......

သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ
ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ
မတွေ့ကြရတော့ဘူးတဲ့....

မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို
ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....

သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....

ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....

သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ
ငါဆင့်ကို ရောက်သတဲ့...

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....

ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......


.......


...............


...........................


စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......ဟီးဟီး

ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။ ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။ အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်... တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွားတာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။ လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံးကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အ သူမရယ်ပြနေခဲ့တယ်။ ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကိ

ု အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံး သူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။ သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။ သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။ ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။ ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။ တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။ သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။ မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။ "ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။ "သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး" ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။ သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။ "ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ" အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။ သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။ သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်ကအပြုံးတောင် အေးစက်နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့.....

အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ


ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊


အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု


တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်


၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊


တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ


ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့


ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး


သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊


အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။



ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု


သီးသန့် အတွက်ပါပဲ ၊ ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို


အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ


ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့်


နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ တကယ်ပဲ ချစ်သူ


နှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူ


သူငယ်ချင်းများအတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ် ။



အချစ်ရဲ့ဘာသာစကားတွေကတော့



၁. Give time .. အချိန်ပေးပါ



ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူ


ရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ


၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစား


သင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာ


တစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်


ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ် ။



၂. Give caring … ဂရုစိုက်မှုပေးပါ



ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူက


ဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့


ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို


ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။



၃. Give help … အကူအညီပေးပါ



ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊


အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့


ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိ


ဖြစ်ရပါတယ် ။



၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ



ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ


ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေကို


ကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး


ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အဝ


ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။



၅. Give respect လေးစားမှု ပေးပါ



ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီ


ဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး


မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု


ပေးပါ ၊



၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ



ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်


အချက်အလက် လေးတွေက စပြီး သိထားပါ ၊ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊


သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့



၇. Give gifts …. လက်ဆောင်လေးတွေ ပေးပါ



တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊


သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊ လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေ


တန်ဘိုးထား တတ်ကြပါတယ် ။



အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ material


value နဲ့ sentimental value တို့ပါပဲ ၊ material value က ပစ္စည်းရဲ့ မူလ


တန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း အပေါ်မှာ


ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။


ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့


အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်း


ရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊


ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့


အဲဒီထီးလေးကို ... ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပို


တန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။



ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ် ။



၈. Communication ဆက်သွယ်ပြောဆိုပါ



လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်


၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့် အတွက်


လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊


တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာ


စေချင်တဲ့ အတွက် မေးလဲ မေးလေ့ ရှိပါတယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့


ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီး


ကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီး


အာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲ


လိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ ။



၉. Touching ထိတွေ့မှုတဲ့



ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊


ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ် ။



တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကို


ဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုး


ခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့


ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့


စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွေ့ မှုတွေကနေ တစ်ဆင့်


ရရှိနိုင်ပါတယ် ။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေ


တစ်ဆင့် ကူးပြောင်း ရရှိနိုင်တဲ့ အကြောင်းတွေကို ကျနော် ဖတ်ရှုဖူးပါတယ် ။



ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကို


ကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက


ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု


နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ