သနားတာပေါ့


တစ်ခါက အရမ်း ရိုး အတဲ့ လူတစ်ယောက်ရှိတယ် အလုပ်တော့ ကြိုးစားရှာတယ်တဲ့

တစ်နေ့မှာ သူ့ အလုပ်ရှင်က လုပ်ခငွေအပြင် အမဲသားတစ်တွဲပါ ဟင်းစားပေးလိုက်တယ်

မချက်တတ်မှာ စိုးလို့ ဟင်းချက်နည်းစာအုပ်ပါ ပေးလိုက်တယ်...

သူကလဲ အမဲဟင်းတစ်ခွက်တော့ အားရပါးရ ချက်စားလိုက်မယ် ဆိုတဲ့ အတွေးနဲ့

နေပူကြီးထဲမှာ လယ်ကွင်းတွေကို ဖြတ်ပြီး ပြန်လာတယ် ...........

အရိပ်ကောင်းတဲ့ညောင်ပင်အောက်ကို ရောက် တော့ စာအုပ်ကို ခေါင်းခု ပြိး တစ်ရေးတစ်မော

အိပ်လိုက်တယ်...

သူနိုးလာတော့ ဘေးမှာ ချထားတဲ့ အမဲတွဲကို မတွေ့တော့ဘူး ...ပျာပျာသလဲ ထရှာတယ်

တစ်ယောက်ယောက်က ယူသွားပြီပေါ့လေ....

ငိုင်သွားတယ် ပြီးတော့ အားရပါးရပြုံးလိုက်တယ် ...ပုဆိုးပြင်ဝတ်ပြီး လေအေးလေးနဲ့ ပြောတယ်

“ ဒီသူခိုး ရူးများရူးနေလားပဲ ...အမဲသားတွဲယူပြီးဘာလုပ်မှာလဲ

ချက်နည်းစာအုပ်က ငါ့ဆီမှာပဲဟာ....”

ရွာဘက်ကို အေးအေးဆေးဆေး ပြန်သွားသတဲ့


ပြေးစရာလိုလို.လား

အားကစားကွင်းထဲမှာ သူငယ်ချင်း ၂ယောက် ဆုံတုန်းလေး စကား ပြောနေကြတယ် ။
ဘဲဥ ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
သူငယ်ချင်း ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
ဘဲဥ ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့ကောင်တွေက ဘာလို. လိုက်ပြေးနေသေးလဲလို.ပါ ။

မပျံတတ်လို.ပါ
လေယာဉ်တစ်ခါမှ မစီးဖူးတဲ့ ခရီးသည်တစ်ယောက် လေယာဉ်မယ်ကိုမေးသည်-
ခရီးသည် ။ ။ တို.ကို လေထီးတွေ ထုတ်ပေးမှာလား ။
လေယာဉ်မယ် ။ ။ မပေးပါဘူးရှင် ။
ခရီးသည် ။ ။ ငါရေကြောင်းခရီးသွားတုန်းကတော့ အသက်ကယ် ၀တ်စုံတွေ ခရီးသည်တိုင်းပေးတယ်ကွ ။
လေယာဉ်မယ် ။ ။ ခုရေကြောင်းခရီးသွားနေတာ မဟုတ်ပါဘူးရှင် ။
ခရီးသည် ။ ။ ဟ လူတိုင်းနီးပါးရေကူးတတ်တာတောင် အသက်ကယ်ဝတ်စုံပေးသေးတာ ဘယ်သူမှ မပျံတတ်တဲ့ လေကြောင်းကျမှပဲ လေထီး ထုတ်မပေးဘူး ဆိုတော့ တစ်ဆိတ်လွန်ပြီ ထင်တာပဲ ။

အမေးနဲ.အဖြေ
ဘဲဥ ။ ။ ငါးတွေဘာလို. ရေကူးကြတာ လဲကွ ။
သူငယ်ချင်း ။ ။ သူတို.မှ မပျံတတ်ကြတာပဲ ကွာ ။

မတတ်နိုင်လို.ပါ
ကျောင်းက ပြန်လာတဲ့ သားဖြစ်သူကို အမေက မေးသည် -
အမေ ။ ။ ဒီနေ.ကျောင်းမှာကောင်းကောင်းေ

နခဲ့ရဲ.လား ။
သား ။ ။ ဟုတ်ကဲ့ပါမေမေ ။
အမေ ။ ။ ဘာပြသနာ လုပ်ခဲ့သေးလဲ ။
သား ။ ။ မလုပ်ခဲ့ပါဘူး မေမေ ။
အမေ ။ ။ ဒါဆို မင်းဘယ်သူ.ကိုမှ အနှောက်အယှက်မပေးခဲ့ဘူးပဲ ငါ့သားလေး လိမ်မာ လာပြီ ။
သား ။ ။ ဘယ်ပေးနိုင်ပါ့ မလဲ မေမေရယ် သားက တစ်ချိန်လုံး အတန်းထောင့်မှာ မတ်တပ်ရပ်နေခဲ့တာလေ ။ ......:P

ပြန်တွေ.ပြီ
ဘဲဥ သူငယ်ချင်းနဲ. ဆုံတုန်း အာလာပသလာပ စကားပြောနေကြသည်-
ဘဲဥ ။ ။ နွေရာသီတုန်းက ငါ့နာရီ ကျပျောက်သွားတာလေကွာ မင်းမှတ်မိသေးတယ်မလား ။
သူငယ်ချင်း ။ ။ အေး မှတ်မိတယ်လေ ၊ ဘာလို.လဲ ။
ဘဲဥ ။ ။ အေးကွ မနေ.က ငါအနွေးထည် အကျီင်္ ကို စစ်ကြည့်ရင်းနဲ. တွေ.ပြီက ဟားဟား ။
သူငယ်ချင်း ။ ။ နာရီလား ။
ဘဲဥ ။ ။ မဟုတ်ဘူး ထွက်ကျတဲ့ အပေါက် လေ ။