သင်မအောင်မြင်တာဘာကြောင့်လည်း?

" မစတင်မီ အသေအချာစဉ်းစားပါ။ စဉ်းစားပြိးသည်နှင့် အင်တိုက်အားတိုက် လုပ်ဆောင်ပါ။ "
                                           ရည်မှန်းချက်ဖြင့် လုပ်ဆောင်ပါ
   အောင်မြင်ချင်တဲ့သူဟာဆိုရင် ဘယ်အလုပ်ကိုပဲ လုပ်လုပ်ရည်ရွယ်ချက်လေးထားပြီး လုပ်ဆောင်ရတယ်။ဒါပေမယ့် ရည်ရွယ်ချက်ရှိပြီး လုပ်ဆောင်ချက်မရှိရင်လည်း မအောင်မြင်နိုင်ပါဘူး....။
   အောင်မြင်ချင်တဲ့သူဆိုတာ ရည်ရွယ်ချက်တစ်ခုကိုတော့ တိတိကျကျချမှတ်ပြီး အလုပ်လုပ်တဲ့သူကိုခေါ်ပါတယ်....။
ရည်ရွယ်ချက်မရှိ ဦးတည်ချက် မရှိတဲ့သူတွေဟာ ဘယ်တော့မှအောင်မြင်မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင်တော့ "ပန်းတိုင်" မရှိကြလို့ပါဘဲ...ပန်းတိုင်မရှိတဲ့အတွက်ရောက်ချင်
တဲ့ဘ၀ရောက်ပါစေဆိုတဲ့ ဆန္ဒရှိနေတော့ အောင်မြင်မှုတွေကလည်းအလှမ်းဝေးကွားနေမှာပါ။
    ရည်မှန်းချက်နဲ့လုပ်ဆောင်တဲ့သူဟာလည်း မိမိနှင့်မိမိရဲ့ ဦးတည်ချက်ကိုက်ညီလား ၊ မကိုက်
ညီလား ဆိုတာကိုစမ်းစစ်ဖို့လိုအပ်ပါတယ်....
   မိမိနှင့်သဟဇာတမဖြစ်ဘဲ အလွန်အလှမ်းကွာဝေးတဲ့ဦးတည်ချက်တွေ ထားမိမယ်ဆိုရင် လမ်းတစ်ဝက်မှာတင် စိတ်ဓာတ်တွေ ကျဆင်းပြီး မအောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်သွားပါလိမ့်မယ်...။
   မိမိရည်ရွယ်တဲ့ ဦးတည်ချက်ဟာမိမိနှင့် ကိုက်ညီတယ်ဆိုရင်တော့ လမ်းကြောင်းတစ်ခုကို
ချမှတ်ဖို့လိုအပ်ပါပြီး....အဲ့ဒီလမ်းကြောင်းပေါ်မှာမှန်ကန်တိကျဖို့တော့ လိုအပ်ပါတယ်...မတွေဝေ
ရဘူး...ကျုယ့်စိတ်ကြိုက် ဖန်တီးတဲ့ဘ၀တစ်ခုဖြစ်နေရမယ်လေ....သူတစ်ပါးကို အပြစ်မတင်ရဘူး
နောက်မဆုတ်ရပါဘူး....တစ်ချို့ကမိမိရည်ရွယ်ထားတာက တခြားဒါပေမယ့် ပတ်ဝန်းကျင်က
ဒီလမ်းကိုရွေးပါလား၊ဒီအလုပ်လုပ်ရင်မင်းနဲ့ အဆင်ပြေလောက်တယ် စသည်ဖြင့်သူများပြောတာ
ဆိုတာအာရုံစိုက်ရင်းနဲ့ လိုက်လုပ်လိုက်တာတွေလည်းရှိတတ်ပါတယ်။မအောင်မြင်တဲ့အခါ
အခက်အခဲ ကြုံတဲ့အခါကျရင် သူတစ်ပါးကိုအပြစ်တင်လေ့ရှိတတ်ပါတယ်။အဲဒါဟာအောင်မြင်
တဲ့သူတွေရဲ့ အလေ့အထမဟုတ်ပါဘူး..ဒါကြောင့်အောင်မြင်ချင်တဲ့သူဟာ မိမိနဲ့ မိမိရဲ့ဦးတည်ချက်လမ်းကြောင်းတစ်ထပ်တည်း ကျတဲ့လမ်းကို ရွေးရပါတယ်...။
လမ်းဆိုတာ......မြန်ဖို့ထက် မှန်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်..မိမိဦးတည်တဲ့လမ်း(ရည်မှန်းချက်ပန်းတိုင်)ကို
အရောက်သွားတဲ့အခါမှာ ဘယ်လိုလမ်းကြောင်းရွေးချယ်ပြီးသွားမလဲ ၊ လမ်းမှာကြုံတွေ့
ရမယ့် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
အခက်အခဲကိုကြောက်တတ်တဲ့သူဆိုတာ အောင်မြင်တဲ့သူမဟုတ်ပါဘူး။အခက်အခဲများကို ကျော်လွှားနိုင်ဖို့ ဘာတွေဆောင်ရွက်သွားရမလဲ ဆိုတာကိုတွေးတောတတ်ရပါတယ်....
ဒီလိုတွေးတောပြင်ဆင်တတ်ခြင်းကို ကြိုတင်စီမံကိန်းချခြင်းလို့ဆိုပါတယ်။ ကြိုတင်ပြီးစီမံကိန်းမချတဲ့သူဟာ အခက်အခဲတစ်ခုတွေ့တာနဲ့ ရည်ရွယ်ချက်တွေ ထွေပြားပြီး
လမ်းကြောင်းပြောင်းကာ အောင်မြင်မှုတွေနဲ့ဝေကွာသွားတတ်ပါတယ်...
တကယ်တော့အောင်မြင်တဲ့သူဟာ ဦးတည်ချက်ကိုအပျက်မခံသလို ဦးတည်သောရည်ရွယ်
ချက်ကိုလည်းမြင့်မြင့်မားမားထားတတ်သောအလေ့ရှိတတ်ပါတယ်။ထားတဲ့အလျောက်လည်း လုပ်ဆောင်ချက်ကိုမြှင့်တင်ပါတယ်။ရည်ရွယ်ချက်ကကြီးပြီး လုပ်ဆောင်ချက်ကသေးသိမ်နေရင်လည်းအောင်မြင်မှုကို မရတတ်ပါဘူး...။
အောင်မြင်တဲ့သူဆိုတာ ရည်ရွယ်ထားတဲ့ဦးတည်ချက်ပြည့်မီအောင် အမြဲတစေကြိုးစား
အားထုတ်နေလေ့ရှိတတ်တဲ့သူဖြစ်ပါတယ်။ဘယ်လိုနေရာကိုပဲရောက်ရောက် ၊ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ် မိမိရဲ့ဦးတည်ချက်ကို အပျက်မခံတဲ့သူဟာအောင်မြင်တဲ့သူဖြစ်ပါတယ်။တကယ်တော့အောင်မြင်တဲ့သူဆိုတာမိမိလုပ်ဆောင်ချင်တဲ့အလုပ် ၊ မိမိရောက်ချင်တဲ့ပန်းတိုင်ကို မရောက်ရောက်အောင်သွားတတ်တဲ့သူဖြစ်ပါတယ်။အဲဒီလိုသွားရတာကိုလည်းပျော်ရွှင်ပါတယ်...။
    မအောင်မြင်တဲ့သူတွေအဖို့ ဘ၀ကိုရေစုန်မျှောတယ်ဆိုတာ မရှိဘူး။ကြုံလာတဲ့ အထက်အထဲတိုင်းကို ရင်ဆိုင်လိုက်တဲ့သူတွေပဲဖြစ်တယ်.သူတို့က ရေဆန်ကိုတတ်ရတာကိုပိုပြီးတော့ နှစ်သက်တယ်...
အဲ့ဒီလိုရေဆန်တတ်တဲ့အခါမှာလည်း စိတ်ဓာတ်ကျဆင်းတယ်ဆိုတာ မရှိသလို အတက်အခဲဆိုတာလည်း မကြောက်တတ်ဘူး။အကယ်၍ မိမိရည်ရွယ်ချက် လမ်းကြောင်းမှာအတားအဆီး ရှိနေလည်းရည်ရွယ်
ချက်ကိုအပျောက်အခံဘူး။တကယ်လို့လ်ုချင်တဲ့ အလုပ်ကိုလုပ်လို့မရသေးလို့ လုပ်သင့်တဲ့ အလုပ်ကိုလုပ်ကိုလုပ်နေတဲ့ အခါမှာလည်း ဦးတည်းချက်မပျောက်ပျက်အောင် အကောင်းဆုံးလုပ်ဆောင်ပါတယ်။
တကယ်လို့စီးပွါးရေးနှင့်ပတ်သက်တဲ့ ဦးတည်ချက်ကိုထားမည့်သူဟာ မိမိဖြတ်သန်းနေရတဲ့ ခေတ်အခြေအနေကိုလည်းလေ့လာ သုံးသပ်နိုင်စွမ်းရှိရပါမယ်။တချို့က အလုပ်ကြီးကြီးမားမား တစ်ခုခုလုပ်ဆောင်ပြီးမှ
ခေတ်အခြေအနေအရ အသုံးမ၀င်တဲ့အခါ....''   ငါလုပ်တဲ့အချိန်မှကွာ  ''  ''  ခါတို့ခေတ်ကျမှ အရင်ကလူတွေတုန်းကတော့အဆင်ပြေလိုက်ကြတာ ''  စသဖြင့်- မအောင်မြင်တဲ့သူတွေဟာ ' ခေတ် ' ကိုအပြစ်တင်
တတ်ကြလို့ပါ။ဒါ့ကြောင့်မလုပ်ခင်ကတည်းက အခြေအနေ အချိန်အခါကိုသုံးသပ်နိုင်စွမ်းရှိရပါမယ်။အဲ့ဒီလိုခေတ်အခြေအနေကို သုံးသပ်ပြီး သေချာပြီးဆိုရင် မိမိကြိုးစားပြီးအကောင်အထည်ဖော်ဆောင်နေတဲ့ အလုပ်က
တဟုတ်ထိုးအောင်မြင်သွားတတ်ပါတယ်..။အဲ့ဒီလိုအောင်မြင်ချင်တဲ့သူဟာ ဘယ်တော့မှ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် မနေရသလိုပေါ့ပေါ့တန်တန်လည်း အတွေးတတ်တော့ပါဘုး။အရာရာကိုလေးလေးနက်နက်
သတိပြုနေရပါမယ်။ဘယ်လောက်ပဲရည်းမှန်းချက် မြင့်မားနေပါစေ လုပ်ဆောင်ချက်မရှိပဲ တစ်နေ့နေ့မှာ သူ့အလိုလို အခွင့်အလမ်းပေါ်လာပြီးအောင်မြင်သွားတယ် ဆိုတာမရှိပါဘူး...။အခွင့်အရေး အခွင့်အလန်းဆိုတာ
ဘယ်တော့မှထိုင်နေတဲ့သူကို တည့်တည့်မတိုးနိုင်ပါဘူး။လှုပ်ရှားရုန်းကန်ကြိုးစားနေတဲ့ သူနဲ့မှတွေ့နိုင်ပါတယ်။ကြိုးစားတဲ့အခါမှာလည်း သာမန်ဝီရိယလောက်ကတော့ အချီးအနှီးပါပဲ၊ လုံ့လ၀ီရိယကြီးစွာထားပြီး ကြိုးစား
အားထုတ်မှအောင်မြင်နိုင်မှာပါ။အညံ့စား၊ လုံ့လ၀ီရိယနှင့် အမြင့်ဆုံးအောင်မြင်မှုကို ဘယ်တော့မှာမဟုတ်ပါဘူး။ ဒီတော့ရည်မှန်းချက်ထားပါ။ထားသည့်ရည်မှန်းချက်အလျောက်လည်းကြိုးစားပြီးလုပ်ဆောင်ပါ။
    အကယ်၍မိမိသွားတဲ့(ထားတဲ့ရည်မှန်းချက်)လမ်းက ရှည်လျားပြီးကြီးကျယ်နေတယ်ဆိုလျှင် ခြေလှမ်းမြဲမြံဖို့ လိုအပ်သလိုဖြည်းဖြည်းနှင့် မှန်မှန်သွားဖို့လိုအပ်ပါတယ်။ဖြည်းဖြည်းမှန်မှန်ဆိုတာ နှေးကွေးတာကိုပြောတာ
မဟုတ်ပါဘူး။ရပ်နေဖို့ပြောတာပါ။ အဲဒီ့လိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့သူအဖို့ အလုပ်မှာပိုပြီးတော့ ပျော်မွေ့လာသလို ပိုပြီးတော့လည်းအောင်မြင်နိုင်ပါတယ်။ဒါ့ကြောင့် စာဖတ်သူများလည်းအောင်မြင်ချင်တယ်ဆိုရင် ရည်ရွယ်ချက်နှင့်လုပ်ဆောင်ပါလို့စကားလက်ဆောင်ပါးလိုက်ပါတယ်....

 

 

http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A152306&xgs=1&xg_source=msg_share_post မှ