ရုပ်ပုံထဲက စကားလုံးများ

သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ သင်လမ်းသင်ရွေးပါ။
သင်သာလျှင် သင့်ဦးတည်ရာကို ရွေးနိုင်တယ်။သူတစ်ပါးနောက် မျက်စိစုံမှိတ် ဇွတ်မလိုက်တာက သင့်ကိုတမူထူးခြားစေတယ်။တခြားလူနဲ့ မတူမှာကို မစိုးရိမ်နဲ့....
"ငါလုပ်နိုင်မှန်း ငါသိတယ်"ဆိုတဲ့ တိကျပြတ်သားတဲ့အတွေးက သင့်ကို အောင်မြင်မှုတစ်ဝက် ပေးပြီးသားဖြစ်တယ်။
သင်ရှာဖွေနေတဲ့ လူ့ဘဝရဲ့အနှစ်သာရဆိုတာ တကယ်တော့ သင့်ရင်ဘတ် အနက်ရှိုင်းဆုံးတစ်နေရာမှာ ကိန်းအောင်းနေတဲ့ အရာဖြစ်တယ်။ထုံအတဲ့မေးခွန်းဆိုတာ မရှိသလို ထုံအတဲ့အဖြေဆိုတာလည်း မရှိပါဘူး။ပန်းသီးကြွေကျတာကို လူတိုင်းမြင်ဖူးကြတယ်။ ဒါပေမယ့် နယူတန်တစ်ဦးတည်းပဲ "ဘာကြောင့်လဲ?"လို့ မေးခဲ့တယ်။

ပြောင်းလဲဖို့ မကြောက်ပါနဲ့...

သင်မပါဘဲနဲ့ ကျွန်တော်တို့ အောင်နိုင်မှာမဟုတ်ဘူး။