ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ….

Happy Birthday!!! General Aung San.... The one and only... The hero we admire most, the hero we will never forget .....
ဗိုလ်ချုပ်အောင်ဆန်း အတွက် မွေးနေ့ အတွက် အမှတ်တရ သီချင်းလေးပါ ..............

http://www.facebook.com/video/video.php?v=155925904463017&saved#!/video/video.php?v=155925904463017&comments

 

Click on people's faces in the photo to tag them.
 

 

Click on people's faces in the photo to tag them.
 


Click on people's faces in the photo to tag them.
 


Click on people's faces in the photo to tag them.
 

 

ဗိုလ်ချုပ်အောင်ဆန်း အတွက် မွေးနေ့ အတွက် အမှတ်တရ သီချင်းလေးပါ ..............

http://www.facebook.com/video/video.php?v=155925904463017&saved#!/video/video.php?v=155925904463017&comments



ဗိုလ်ချုပ်အောင်ဆန်း ကို ပြည်သူလူထု အာရုံကမှေးမှိန်ပျောက် ကွယ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တို့ရဲ့ စစ်ဖိနိပ်အောက်မှာ ပြားပြားဝပ်နေရတဲ့ ဒီလို အချိန်မှာ ကျွန်တော်တို့ အားလုံးက ဗိုလ်ချုပ်ကို ပိုပြီး မမေ့မလျှော့နဲ့ သတိတရရှိနေပြီး၊ ကျန်တဲ့ ညီအကိုမောင်နှမအားလုံးကို လည်း..ဗိုလ်ချုပ်ကိုရော၊ ဗိုလ်ချုပ်ပြောသွားတဲ့ စကားတွေကို ပါ၊ ပြန်လည်ဖော်ထုတ်တင်ပြရမှာဖြစ်ပါတယ်။

အချင်းချင်းလည်း ကိုယ့်မှာရှိသမျှ Photo, Video, Audio, other document တွေအားလုံး ကို Share စေချင်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့ (13th February)

 

 

 

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

 

 

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေဦးဖာ သား

ဇာတိနတ်မောက် မကွေးခရိုင်

သိကြ များခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင် ဒေါစုသား ….

တစ်ထောင့် ကိုးရာလေးဆယ့်ခွန်

ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ် ဒို့ဖခင်

ကောင်းစေချင်တဲ့ အမှာစကား

ငါတို့ မမေ့အား

 

 

 

အောင်ဆန်းပေးတဲ့ မြန်မာပြည်

 

 

အရပ်ပုပု မျက်မှောင်ကုတ်ကုတ်

ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား

စကားမပြော ပြောရင်မရပ်

ညှင်းသိုးသိုး အရိုးခံ

ခေါင်းအမာဆုံး ဇွဲအရှိဆုံး

စိတ်ဓာတ်အပြင်းထန်ဆုံးလူသား။

သူမသိ နားမလည်တာတွေကအများသား

ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး

စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး

မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ

ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ

ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ

လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်

မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစား ရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ

လွတ်လပ်ရေးကိုစဉ်းစား ရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ

တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့

အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်

သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်

- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့

မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို

ကွဲကွဲပြားပြားသိတဲ့သူ

လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ ခံစားဖို့ အချိန်မရခဲ့တဲ့သူ

သူ့ ဖြတ်သန်းမှုမှာ လွတ်လပ်ရေးဆိုတာတစ်ခု တည်းနဲ့

ပကတိရိုးရှင်းသန့်စင် ခဲ့တဲ့သူ

 

သူ့ကို

ဒဂုန်တာရာက ကင်ပွန်းတပ်

အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု

 

ကျောင်းသားပေါက်စ သခင်ပေါက်စ

စစ်သားပေါက်စ နိုင်ငံရေးသမားပေါက်စ

ဘ၀တွေက အဖုံဖုံ အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို

ဘာ့ကြောင့်

နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

 

တကယ်ဆိုတော့

ငါတို့အောင်ဆန်းက နယ်နယ်ရရမဟုတ် -

ရိုးသားတဲ့မြန်မာတွေထက် ပိုရိုးသားတဲ့အောင်ဆန်း

သတ္တိပြောင်တဲ့ မြန်မာတွေထက် ပိုသတ္တိရှိတဲ့ အောင်ဆန်း

စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက် ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊

ဒီလိုအောင်ဆန်း

သူ့ သွေးသားအရိုးအချဉ်တွေအားလုံး

လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး

စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း

တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို

လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ

အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ

- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊

ရှေးဘိုးဘွားမိဘပြည်သူတွေက

- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ

လူငယ်သွေးသောက်မြန်မာ တွေက

- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ

စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

 

တကယ့်ဗမာတွေ

မဟာအောင်ဆန်းအနောက်က

ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့ တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ

အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်

အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင် ရှမ်းတွေက ရှမ်းစကားမဆိုကြ

ကချင်တွေကလည်း ကချင်စကားမဟကြ

အောင်ဆန်းကို ယုံကြည်စွာနဲ့ သူတို့ ခေါင်းဆောင်အဖြစ် သိမှတ်ပြုကြ

အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကိုစုစည်းနိုင်ခဲ့လိုလည်း

အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့

တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့ အကင်းပါးသူတွေပီပီ

မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို ဒင်းတို့ မတိုက်ဝံ့ကြ

မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို

သူတို့ ရွေးခဲ့ကြ အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀ အောင်ဆန်းမှာ ရှိတယ်

လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်

အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ အောင်ဆန်းမှာ တပြည်လုံးရှိတယ်

ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့

နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ

အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။

ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။

အင်္ဂလိပ်ဆိုတာက ဝေလာဝေး သူငယ်နှပ်စားမဟုတ်။

ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ

အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို

ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ

လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့ 

အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်

ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း

ဒီအချိန်ဆို

၉၆ နှစ်ရှိပြီ

အောင်ဆန်းပြောမယ်

အဘိုးရဲ့ စကား နားထောင်...။

 

--- မမေ့နဲ့

မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ

ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊

မမေ့နဲ့

မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့

ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊

မမေ့နဲ့

မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့

ငါတို့ အလောင်းကောင်တွေဆင့်ြ ပီး ထမ်းတင်ပေးခဲ့တာ

မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ အဖေနှစ်ယောက်ရှိတယ်

တစ်ယောက်က ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ

မြန်မာလူမျိုးရဲ့ အဖေ မြန်မာ့အဖေ အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ

အောင်ဆန်းက ကျုပ်အဖိုး ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့

သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ

 

သူ့ သားကျရင်လဲ သူ့ အဘေးနဲ့ ပေးတွေ့ နိုင်ဖို့

အခုကတည်းက အသေအချာ ကျုပ် မှာထားရအုံးမယ်။

 

 

(Zin Mg Mg ရဲ့ Notes မှာဖတ်ရတာကိုခွင့်တောင်းပြီး..ကူးချတယ်။ ပြီးတော့.ဓါတ်ပုံလေးတွေလျှောက်ထည့်ပြီးပြန်တင်ပေးလိုက်တာပါ။)

 

Share via လူ ငတေ

 

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်ရှိ လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားလူမျိုးအားလုံး ကို ကိုယ်စားပြုသည့် အမျိုးသားခေါင်းဆောင်ကြီး၊ ဖြောင့်မတ်တည်ကြည်ရိုးသားမှု တို့၏ သင်္ကေတဖြစ်ပြီး မြန်မာပြည်သားတိုင်း သတိတရ ရှိနေသင့်ပေသည်။ ........

Click on people's faces in the photo to tag them.
 

 

Click on people's faces in the photo to tag them.
 
Click on people's faces in the photo to tag them.
 

Click on people's faces in the photo to tag them.
 
Click on people's faces in the photo to tag them.
 

 

Click on people's faces in the photo to tag them.
 

Click on people's faces in the photo to tag them.
 

 

Click on people's faces in the photo to tag them.
 

 

Click on people's faces in the photo to tag them.
 


ဗိုလ်ချုပ်အောင်ဆန်း ကို မှေးမှိန်ပျောက် ကွယ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ ဒီလို အချိန်မှာ..ကျွန်တော်တို့ အားလုံးက ဗိုလ်ချုပ်ကို မမေ့မလျှော့နဲ့ သတိတရရှိနေပြီး...ကျန်တဲ့ ညီအကိုမောင်နှမအားလုံးကို လည်း..ဗိုလ်ချုပ်ကိုရော...ဗိုလ်ချုပ်ပြောသွားတဲ့ စကားတွေကို ပါ..ပြန်လည်ဖော်ထုတ်တင်ပြန်ရမှာဖြစ်ပါတယ်...အချင်းချင်းလည်း ကိုယ့်မှာရှိသမျှ ဓာတ်ပုံတွေ၊ Video, Audio, other document တွေအားလုံး ကို Share စေချင်ပါတယ်...

ဗိုလ်ချုပ်အောင်ဆန်း ၏ အမှတ်တရ Photo Album ကိုကြည့်ရှုလိုပါက ...http://www.facebook.com/photo.php?fbid=142067219182219&set=a.118372051551736.37407.100001368265940#!/album.php?fbid=118372051551736&id=100001368265940&aid=37407

                မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)အားဖျက်သိမ်းပြီး မြန်မာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည်။ 1942 ခုနှစ်က ဖြစ်သည်။တပ်အင်အားသုံးထောင်ကျော

်ရှိသောမြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ်စာခန့်ရှိသောမြန်မာ့ကာကွယ်ရေးတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကို ဦးစီးရန်ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုးကြီး(ကာနယ်)အဆင့်သို့ လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ အရာခံ အကြပ် တပ်သားအားလုံးစိတ်ထိခိုက်ကာ စိတ်ဓာတ်ကျနေကြသည်။သေဖော်သေဖက် ရောင်းရင်းရဲဖော်အချင်းချင်းရုတ်တရက်ကွဲကွာခဲ့ရခြင်း၊ဖက်ဆစ်ဂျပန်တပ်များဧ။်အခါအခွင့်သင့်တိုင်း စော်ကားခံရခြင်းတို့ကြောင့်ရဲဘော်ရဲဘက်များ စိတ်ဓာတ်ကျဆင်းနေခြင်းလဲပါဝင်သည်။
               ပျဉ်းမနားစခန်းတွင်ပြောင်းရွှေ့စုစည်းရောက်ရှိနေသော ဘီဒီအေတပ်ရင်းသုံးရင်းသည် အမြဲတမ်းစစ်တပ်အနေဖြင့်တန်းစီခြင်း၊စစ်ရေးပြခြင်း၊တပ်ဝင်ရှင်းလင်းခြင်းများ
ပြုလုပ်ကာအမြဲတန်းစစ်တပ်အသွင်ဖြင့်နေရသော်လည်း စစ်ဝတ်စုံ (ယူနီဖောင်း) များညံ့ဖျင်းခြင်းနှင့်ပြည့်ပြည့်စုံစုံမရှိခြင်းက ချွတ်ယွင်းချက်တစ်ခုဖြစ်နေလေသည်။ ရဲဘော်အားလုံးကပင်မြန်မာ့ကာကွယ်ရေးတပ်မတော်အတွင်း ဂုဏ်သိက္ခာနှင့်ထိုက်သင့်သောစစ်ဝတ်စုံရာထူးတံဆိပ်များကို မျှော်လင့်တောင့်တနေကြသည်။စစ်ဌာနချုပ်
မှလည်းစစ်ဝတ်စုံများရရှိရေးအတွက်အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။
               ပျဉ်းမနား ဘီဒီအေတပ်ရင်းမှ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်တာရာသည်တပ်ရင်းမှုးဗိုလ်ဇေယျ၏တာဝန်ပေးချက်အရ လူသူလက်နက်စာရင်းများမှားယွင်းနေသည့် ကိစ္စနှင့်
ပတ်သက်ပြီးစစ်ဌာနချုပ်ရှိစစ်ရေးချုပ်၏ရုံးအုပ်နှင့်တွေ့ရန်အရာခံ ဗိုလ်ဗဟန်နှင့်အတူမြင်းကိုယ်စီစီးလျှက် စစ်ဌာနချုပ်သို့ေ၇ာက်ာကြသည်။သူတို့ရောက်ရှိလာသောအချိန်သည်
ရုံးဆင်းချိန်ဖြစ်နေပြီးအချို့သောတာဝန်ခံအရာရှိများရုံးဆင်းသွားကြသည်။စာရေးများ၊ရုံးစောင့်တာဝန်ခံရဲဘော်များနှင့်ကင်းမှု့များသာလှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။သူတို့တွေ့လို
သောရုံးအုပ်မှာအပြင်ခဏထွက်သွားသဖြင့်ပြန်အလာကိုစောင့်ရင်းဗိုလ်ချုပ်ထိုင်ရာရုံးခန်းသို့လျှောက်ကြည့်ရာဗိုလ်ချုပ်ကိုမတွေ့သဖြင့်ရုံးဆင်းသွားပြီဟုထင်ကာ ဗိုလ်ချုပ်၏ရုံးခန်းနှင့်ကပ်လျှက်ရှိသော ကိုယ်ရံတော်ဗိုလ်ကြီး၏အခန်းထဲဝင်ပြီး ထိုင်စောင့်နေကြသည်။ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားသောထရပ်
ကားကြီးများရောက်လာသဖြင့်စစ်ဌာနချုပ်ရဲဘော်များ၏အကူအညီဖြင့်ကားပေါ်မှပစ္စည်းများကိုသယ်ချနေကြသည်။နာရီဝက်ခန့်အကြာဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ဘယ်အချိန်
က၀င်ရောက်ပြီးအလုပ်လုပ်နေသည်ကိုမသိလိုက်သောသူတို့နှစ်ယောက်က ဗိုလ်ချုပ်ကိုလှမ်းမြင်လိုက်သည်
               ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲစားပွဲပေါ်တွင်စာရွက်တွေတစ်ထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကိုတွေ့လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ
ဗိုလ်နှင့်ထိုက်သင့်သောစစ်ဝတ်စုံမဟုတ်ပေ။အစီမ်းရင့်ရောင် ရှပ်လက်တိုကိုဝတ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိနပ်တစ်ရံကိုစီးထားပြီးခါးတွင် ဂျပန်ခါးပတ်ပြားကြီးကို
ပတ်ထားသည်။စားပွဲထောင့်တစ်နေရာတွင်မြန်မာ့လွပ်လပ်ေ၇းတပ်မတော်ခေတ်တစ်လျှောက်လုံးဆောင်းလာသည့် ဂျပန်အရာရှိများဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို
တွေ့ရသည်။အခန်းထောင့်တွင် ဂျပန်ဓားရှည်တစ်လက်ကိုထောင်ထားသည်။ဗိုလ်ချုပ်၏ဆံပင်မှာ ဆီနှင့်ကင်းဝေးပြီးဖြီးလိမ်းခြင်းမပြုသဖြင့်ဖရိုဖရဲဖြစ်နေ၏ ။ ဗိုလ်ချုပ်၏စစ်ဝတ်စုံ
မှာလည်းရာသီဥတုဒဏ်ကြောင့်အဖြူရောင်ရောနှောကာဟောင်းနွမ်းနေလေပြီ။ဗိုလ်ချုပ်စိတ်ပါလက်ပါစာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောက်အယှက်မပေးလိုသဖြင့်ပြော
လက်စစကားကိုဆက်မပြောတော့ပေ။
             သို့တစေအပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသောရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာရှိများ၊အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားများကို ကျယ်ကျယ်လောင်လောင်ပြောနေကြသည်။သူတို့လူစုသည်ဗိုလ်ချုပ်ရုံးပြန်တက်ပြီးသူ့အခန်းအတွင်း အလုပ်လုပ်နေသည်ကိုလုံးဝသိပုံမရပေ။သတိပြုမိပုံလဲမရပေ။
             "ဒီလောက်ကြမ်းတမ်းတဲ့အ၀တ်တွေဝတ်ရတာ ကျောယားလိုက်ပါဘိကွာ။အိမ်မှာတုန်းကတစ်ခါမှတောင်စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေလက်တောင်မသုတ်ခဲ့တဲ့ အ၀တ်ကြမ်းတွေကွာ" ရဲဘော်တစ်ယောက်က ကျယ်ကျယ်လောင်လောင်နဲ့ ရယ်ကာမောကာပြောလိုက်သည်။ဗိုလ်ချုပ်သည်စားရေးနေရာမှ ရုတ်တရက်ရပ်လိုက်ပြီးမျက်တောင်
မခတ်တမ်းတစ်ဖက်ခန်းမှတပ်မတော်ဝတ်စုံအကြောင်းဝေဖန်ပြောဆိုနေကြသည်ကို နားစိုက်ထောင်နေကြသည်။
            "ချီးမှပဲ တို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲလူရယ်စရာ အ၀တ်ကြမ်း၊ဖျင်ကြမ်းကြီးတွေနဲ့လာတိုးနေပြီ။ကောင်းတယ်ကွာ၊သိပ်ကောင်း။ကူလီဝတ်တဲ့ အ၀တ်မျိုးတွေ
ကွ" တစ်ယောက်က ၀င်ပြီးပြောလိုက်သည်။ ဗိုလ်ချုပ်၏မျက်နှာသည်ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။မျက်လုံးနှစ်လုံးကလည်းအရောင်တွေ ၀င်းဝင်းတောက်လျှက်ဒေါသထွက်နေသည်။
           "ဟေ့ကောင်တွေ ခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီး မြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ဟေးတိုးတပ်သားတွေထင်ပြီးဂျပန်တပ်ကတန်းခိုင်းမှာသေချာတယ်။မင်းတို့သာကြည့်ပြောပြပေတော့။ဘယ်လိုအ၀တ်အစားတွေမှန်းမသိပါဘူးကွာ"
           တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာ ပြက်လုံးထုတ်လိုက်ပြန်သေးသည်။ဗိုလ်ချုပ်သည်တွေဝေပြီး မျက်လုံးစုံမှိတ်ကာစဉ်းစားနေ၏ ။ ဒေါသဖြစ်နေ
ရာမှ ဗြုန်းခနဲ ဖောင်တိန်ကို စားပွဲပေါ်သို့ပစ်ချလိုက်သည်တစ်ချိန်လုံးသူတို့နှစ်ယောက် သူ၏အခန်းနှင့်ကပ်လျပ်ရှိနေသော အခန်းတွင်ရှိနေသည် မရှိနေသည်ကို လုံးဝအသိအမှတ်
မပြုသောဗိုလ်ချုပ်သည်ဗြုန်းခနဲ လှမ်းပြီး "ဟေ့တာရာ.....ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံးငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊သွားစမ်း။မြန်မြန်ကွ"အော်ငေါက်ကာ
ဗိုလ်တာရာအားလှမ်းပြီးအမိန့်ပေးသည်။ပါးစပ်သရမ်းနေကြသောရဲဘော်များသည်သူတို့ခေါင်းမီးလောင်တော့မည့်အခြေအနေကိုလုံးဝမရိပ်မိဘဲစစ်ဝတ်စုံများ၏အခြေအနေကို ဝေဖန်ရင်းပြက်လုံးထုတ်နေကြသည်။ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက်ကာအခန်းတွင်းသေတ္တာကြီးများကိုဖွင့်ကာဝတ်စုံများကိုကိုင်တွယ်ပြီးစာရင်းယူနေကြသည့်ဗိုလ်၊အကြပ်
တပ်သားအားလုံးကိုဗိုလ်ချုပ်၏အမိန့်အရ ဗိုလ်ချုပ်၏အခန်းထဲသို့တစ်စုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ဗိုလ်တာရာလည်းစစ်ထုံးစံအတိုင်းဗိုလ်ချုပ်ကိုအလေးပြုကာ "အမိန့်အတိုင်းခေါ်
ဆောင်လာပြီဖြစ်ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်
           "မင်းတို့ဘာကောင်တွေတုန်းကွ၊ဟင် ဟေ့ငါမေးနေတာမကြားဘူးလား" စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ဗိုလ်ချုပ်၏အသံသည်စစ်ဌာနချုပ်တစ်ခုလုံးလွှမ်းမိုးသွားသည်။
ထိုသူတို့သည် ကြောင်နေကြပြီး မှင်သက်မိသူများပမာ တစ်စုံတစ်ရာကိုမပြောဝံ့ကြပေ။သတိအနေဖြင့်ငြိမ်သက်စွာရပ်နေကြသည်။
          "ပြောကြစမ်းမင်းတို့ဘာကောင်တွေတုန်း။ငါမေးနေတာမင်းတို့မကြားဘူးလား။ခုတင်ကမင်းတို့ရယ်လား မောလားနဲ့ပြောနေကြတာတွေလေ" ဗိုလ်ချုပ်သည်နောက်တစ်
ကြိမ်စူးစူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန်သည်။အမေးခံရသူအားလုံးမှာမျက်နှာသေလေးတွေနှင့် အနည်းငယ်တုန်နေကြသည်။
         "ကျွှန်တော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်" ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူတစ်ဦးက အရဲစွန့်ပြီးဖြေကြားလိုက်သည်။''ဘာကွ စစ်ဝတ်စုံတွေညံ့တယ် ကြမ်း
တယ်။လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ် မင်းတို့ဝေဖန်နေကြတာတွေ" ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှ ဗြုန်းခနဲထလိုက်ပြီး
တန်းစီထားသူများေ၇ှ့သို့ မတ်ကနဲ တက်လာရင်း......"မင်းတို့ငါအုပ်ချုပ်နေတဲ့ တပ်ထဲကအခုထွက်အလာကားကောင်တွေ မင်းတို့ကိုငါ နဲနဲမှအထင်မကြီးတော့ဘူး။နွားတွေ
တို့ရဲဘော်တွေယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာမှတ်မှတ်ရရ ဘယ်စစ်ဝတ်စုံတွေဝတ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲ ဟင်ပြောစမ်း" စိတ်ပါလက်ပါ လက်သီးလက်မောင်းတန်းပြီးမေးလိုက်ပြန်သည်။"မင်းတို့က အခုမှယူနီဖောင်းလေးဘာလေး စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ဟေ့တိုင်းပြည်နဲ့လူထုအတွက်ဆို
ရင် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကြိုက်ပြီးတိုက်ရတော့ေ၇ာဘာဖြစ်သေးသလဲကွာ စစ်တိုက်နိုင်ဖို့သာအဓိကကွ ခုတော့မင်းတို့က ကြီးကြီးကျယ်ကျယ်စကားတွေပြောလို့"
       ဗိုလ်ချုပ်သည် ခဏရပ်ပြီးဆက်ပြောပြန်သည်။"ခုတော့ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက်အချင်းချင်းတောင်မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့
အကောင်တွေ၊မင်းတို့ကိုငါ့တပ်ထဲက ထုတ်ပစ်မယ်၊ထုတ်ရမယ်" ကြိမ်းဝါးလိုက်ပြန်သည်။ အကြိမ်းခံရသူဗိုလ်၊အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ဒူးချင်းရိုက်ခတ်သူခတ်
အတော်စိတ်ထိခိုက်နေကြသည်။ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်းတစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေ့ကိုခေါင်းငဲ့ကာစိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်လုပ်နေတာ ဗိုလ်ချုပ်သည်-"ဘာလဲကွ မင်းတို့က ဂျပန်တွေကားစီးပြီးအ၀တ်ကောင်းတွေဝတ်တာကိုအားကျလို့လား။အေးမင်းတို့မှတ်ထား။ငါတို့တပ်မတော်ဟာပြည်သူလူထုရဲ့သားသမီးတွေ
ဆိုတာကြည့်လိုက်စမ်း။တို့ပြည်သူလူထုတွေဟာစစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေကတွေ့ကရာဆွဲယူအနိုင်ကျင့်ချင်တိုင်းအကျင့်ခံနေရတဲ့ဘ၀မှာမင်းတို့လိုအကောင်တွေက
ဇိမ်ခံချင်ကြတယ်။ကားသစ်ကြီးတွေစီးချင်ကြတယ်။ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက်အခွင့်အရေးပိုယူချင်ကြတယ်။လူထုက ၀တ်စရာ အကျီင်္ပုဆိုးမ၇ှိတဲ့ဘ၀မှာ မင်းတို့လို
အလိုက်ကန်းဆိုးမသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေဝတ်ချင်ကြတယ် မှတ်ထားအခုလို စိတ်မျိုးအမြင်မျိုးတွေရှိနေသမျှငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်
နဲ့တော့ ဝေးပါသေးတယ်ကွာ။ရှက်စရာသိပ်ကောင်းတယ်။မင်းတို့ပြည်သူလူထုအတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"
        ပြောလိုက်ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။ မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ဖာသာ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီးတစ်ကယ်စစ်တိုက်ရတဲ့အခါမှာ
စစ်ပညာကောင်းကောင်းတက်နေပြီလား။ဘာတစ်ခုမှမတတ်သေးဘူး။ကိုယ့်ကိုယ်ကို အတင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကောင်စားတွေ။မင်းတို့ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲ
စိတ်တွေထားကြ။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိနေတယ်ဆိုတာမင်းတို့မြင်ရဲ့လား။ခွေးကောင်တွေဘာမှမသုံးမကျတဲ့ မင်းတို့ကိုငါ့တပ်ထဲကထုတ်ရမယ်"ဆက်လက်ပြီးဒေါ
နှင့်မောနှင့်ကြိမ်းဝါးလိုက်ပြန်သည်"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီ ဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်ကာငိုယိုသံများဖြင့်တောင်းပန်တိုးလျှိုလိုက်ကြသည်။
ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ" ဗိုလ်ချုပ်သည်သူ၏ဟောင်းနွမ်းနေသောဝတ်စုံကို လက်ဖြင့်ပုတ်ပြီးပြလိုက်
သည် "ကျွှန်တော်တို့မှားပါပြီ ဗိုလ်ချုပ်။တောင်းပန်ပါတယ်။ကျွှန်တော်တို့အမှားကိုဝတ်ချတောင်းပန်ပါရစေ" မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် တောင်းပန်ကာအသနားခံလိုက်ကြပြန်သည်
ဗိုလ်ချုပ်သည်သိမ်းကြုံးပြီး ဒေါသထွက်နေသောမျက်လုံးအစုံဖြင့်တောင်းပန်နေသူများကိုဝင့်ကြည့်လိုက်ပြီး "မှတ်ထားငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင်တစ်ကောင်မှ
မရှိရဘူး။မပါစေရဘူး။လူထုငတ်ရင် အားလုံးငတ်ရမယ်။လူထုဆင်းရဲရင် တို့ရဲဘော်အားလုံးဆင်းရဲရမယ်။ငါလည်းဆင်းရဲရမယ်။ငါတို့တစ်တွေတည်ဆောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ
ဒီဝါဒနဲ့ ချီတက်ဖို့အရေးကြီးတယ်။ခုတော့မင်းတို့ကောင်တွေကွာ။ငါလိုက်ပြီးကန်လိုက်ရရင်ကွာ"
        ကြိမ်းဝါးလိုက်ပြန်သည်။
  သူ့ရှေ့တွင်ရပ်နေကြသူများမှာသူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကို ခံယူကြမည့် ရဲဘော်များဖြစ်နေကြည်သည်။အခိုက်အတန့်အတွင်း အပြောမှား၊အဆိုမှားခဲ့ရာ ယခုအခါ
ဗိုလ်ချုပ်၏သြ၀ါဒဆုံးမချက်များကြောင့်အမြင်မှန်ရခဲ့ကြသည်။ "သွားကြစမ်း၊မြန်မြန်ထွက်သွား၊အကောင်ရှုပ်တွေ ကြာကြာနေရင် မင်းတို့ကို ငါဆော်ထည့်မိလိမ့်မယ်"
ဗိုလ်ချုပ်က ကြိမ်းဝါးကာ အခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ပါးစပ်သရမ်းမိသူများလည်း အရေးတကြီးဗိုလ်ချုပ်ကိုအလေးပြုကာသုတ်သီးသုတ်ပြာနှင့်ကြောက်ကြောက်
ရွံ့ရွံ့ မျက်နှာငယ်လေးများဖြင့်ထွက်ခွာသွားကြသည်၊၊ ......................။
 
 

1.jpg
  

 
 
 
 
2.jpg
  
 
 
 
 
3.gif
  
 
 
 
 
4.jpg
  
 
 
 
 
5.jpg
  
 
 
 
 
6.jpg
  
 
 
 
 
7.jpg