ကိုအောင်ကောင်မလေး

 

ထွက်မသွားပါနဲ့လို့ တားပါသေးတယ်
ဒါပေမယ့် မရပါဘူး .....
Connection ကောင်းလာမယ့်အချိန်ကို
စောင့်နေမိတယ် သူများပေါ်လာမလားလို့ပေါ့
တစ်ခါတစ်လေ စကားအပြောကြမ်းသွားတာကို
စိတ်ဆိုးသွားမလားလို့ ကြောက်နေမိပြီ .....
နေရာတွေ ဝေးကွာလွန်းနေတယ်
အပြင်မှာတွေ့မယ်လို့ အာမ,မခံရဲသေးပေမယ့်
တစ်နေ့မှာတော့ အရောက်လှမ်းလာခဲ့မှာပါ
ဖုန်းပြောနေတဲ့အချိန်မှာ မင်းရဲ့အသံလေးကို
နားထောင်လို့တောင် မ၀ခဲ့ပါဘူး
တစ်ခါတစ်လေမှာ ယောင်ယောင်ပြီး
အိမ်မက်ထဲထိတောင် ရောက်ရောက်လာတတ်တယ်
စွဲလမ်းတာလားလို့တော့ အသေအချာမသိပေမယ့်
မေ့ဖျောက်လို့မရတာကတော့ အသေအချာပါ ......
မင်းလေးနဲ့ Chatting ထိုင်နေရတဲ့အချိန်တွေဟာ
ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာတဲ့
လေညှင်းလေးလိုပါပဲ နမ်းရှိုက်လို့မ၀ပါဘူး
ပျော်ရွှင်ခြင်းအတိ ပြီးပြည့်စုံနေတယ်လို့
ထင်ရတယ် ......။
သူများရှိမလားလို့ Online ပေါ်ကနေ
မျှော်နေရတာ သစ်ကုလားအုတ်တောင်
မော်ကြည့်နေရပါကောလား .....
စကားလေးတွေပြောပြီးလို့ အပြုံးလေးတစ်ချက်နဲ့
နှုတ်ဆက်ပြီးတော့ သူပြန်သွားတဲ့အချိန်မှာ
ရင်ထဲမှာ ဟာကျန်နေခဲ့တယ် .....
အဲဒါဘာကြောင့်လည်းတော့ မသိဘူး
အမှန်အတိုင်းပြောရမယ် ဆိုရင်တော့
မသေချာ မရေရာတဲ့ Online အချစ်မို့
အတင်းအကန်တော့ မငြင်းလိုက်ပါနဲ့
ကွဲဖို့အတွက် နှလုံးသားအပိုမရှိသေးလို့ပါ
မိန်းကလေးရယ် .....။

အမှတ်တရ တို.ပြောခဲ.ကြတဲ.

chatting စကားလေးတွေ

မင်းသတိရရဲ.လား အစကတည်းက

အလေးအနက်မထားခဲ.မှန်း

ငါသိခဲ.ရင် မပေးရက်တဲ.လက်ကို

မလှမ်းပါဘူး မကျွမ်းဝင်တဲ. အနမ်းကိုလဲ မမှန်းခဲ.ပါဘူး